Connect with us

WORLD

တရုတ်နိုင်ငံမှ လှူဒါန်းသော ကာကွယ်ဆေးများ ဖိလစ်ပိုင်နိုင်ငံသို့ တနင်္ဂနွေနေ့တွင်ရောက်ရှိမည်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဇန်နဝါရီ ၁၉ ရက်က ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်း သရုပ်ပြလေ့ကျင့်မှုတစ်ခုတွင် ပါဝင်သော အမျိုးသမီးတစ်ဦးအား ကိုယ်အပူချိန်တိုင်းတာပေးနေစဉ်(ဆင်ဟွာ)

မနီလာ၊ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၆ သိန်းသည် တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိလာမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ လိုအပ်နေချိန် ကူညီပေးသူက မိတ်ဆွေစစ်ဖြစ်တယ် ၊ ကာကွယ်ဆေးတွေ ပေးအပ်လှူဒါန်းမှုဟာ နှစ်နိုင်ငံ နဲ့ နှစ်နိုင်ငံ ပြည်သူတွေအကြား မိတ်ဆွေရင်းချစ်ကြည်ရင်းနှီးမှု နဲ့ မိတ်ဖက်ဖြစ်မှုကို ဖော်ပြနေတဲ့အပြင် စည်းလုံးညီညွတ်မှုကို ဖော်ကျူးတဲ့ အခြားပြယုဂ်တစ်ခုလည်း ဖြစ်တယ်။ ” ဟု ဖိလစ်ပိုင်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Huang Xilian က Facebook တွင်ရေးသား ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ Quezon မြို့တွင် နှာခေါင်းစည်းတပ်ဆင်၍ ကျန်းမာရေးအပြေးကျင့်နေသူများအား ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
“ ဒီအရာတွေဖြစ်လာဖို့ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီကာကွယ်ဆေးတွေဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပြည်သူတွေကို ကာကွယ်ဆေးထိုးနှံခြင်းစတင်ဖို့ အကူအညီအထောက်အပံ့ဖြစ်စေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ” ဟု Huang က ဆိုသည်။

“ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာတောင် ရောဂါတိုက်ဖျက်ရေးအတွက် လက်ချင်းချိတ်ဆောင်ရွက်ခဲ့ကြလို့ ကျွန်ုပ်တို့ရဲ့ မိတ်ဆွေဖြစ်မှုနဲ့ မိတ်ဖက်ဖြစ်မှုဟာ ဆက်လက်ကြီးထွား ခိုင်မာစေပါတယ် ” ဟု ၎င်းက ဆိုသည်။ ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)

——————————

(Englsih Version)
China-donated vaccines to arrive in Philippines on Sunday: embassy
MANILA, Feb. 25 (Xinhua) — The 600,000 doses of Sinovac-made vaccine CoronaVac donated by China will arrive in the Philippines on Sunday, the Chinese embassy said on Thursday.
“A friend in need is a friend indeed. The donation of vaccines is another testament to the solidarity as well as profound friendship and partnership between our two peoples and two countries,” Huang Xilian, ambassador of China to the Philippines, said on Facebook.
“I want to thank all those who have worked so hard in order to make this happen! I hope the vaccines will help kick off Philippines’ mass inoculation campaign to curb the pandemic and allow Filipinos’ life to return to normal at the earliest,” Huang said.
“Our friendship and partnership amid this pandemic will continue to grow and prosper as we fight against the pandemic hand in hand!” Huang said.
The Philippines has approved the emergency use of the Sinovac vaccine.

(1)A woman wearing a protective face mask has her temperature checked during a COVID-19 vaccination simulation exercise in Manila, the Philippines, Jan. 19, 2021. (Xinhua/Rouelle Umali)
(2)People wearing face masks jog at the University of the Philippines in Quezon City, the Philippines, Jan. 17, 2021. (Xinhua/Rouelle Umali)