Connect with us

WORLD

ဘိုလီးဗီးယားနိုင်ငံသမ္မတ က တရုတ်နိုင်ငံ ၏ COVID-19 ရောဂါကာကွယ်ဆေးရောက်ရှိလာမှုကို ကိုယ်တိုင် သွားရောက်ကြိုဆိုလက်ခံ

ဘိုလီးဗီးယားနိုင်ငံ သမ္မတ Luis Arce (ဝဲ) နှင့် တရုတ်နိုင်ငံသံအမတ်ကြီး ဟွမ်ယာကျိုး (ယာ) တို့အား ဖေဖော်ဝါရီ ၂၄ ရက်က Santa Cruz လေဆိပ်တွင်အတူ မြင်တွေ့ရစဉ်(ဆင်ဟွာ)

လီမာ ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Sinopharm မှ ထုတ်လုပ်သော COVID-19 ရောဂါကာကွယ်ဆေးများသည် ဖေဖော်ဝါရီ ၂၄ ရက်၌ ဘိုလီးဗီးယားနိုင်ငံ အကြီးဆုံးစီးပွားရေးမြို့တော် Santa Cruz သို့ရောက်ရှိခဲ့ပြီး ဘိုလီးဗီးယားနိုင်ငံ သမ္မတ Luis Arce ၊ နိုင်ငံခြားရေးဝန်ကြီး Rogelio Mayta နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ၊ ဘိုလီးဗီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဟွမ်ယာကျိုး နှင့် Luis Arce အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် ဝမ်ကျားလေ တို့က လေဆိပ်တွင် ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

ဘိုလီးဗီးယားနိုင်ငံ သမ္မတ Luis Arce က လေဆိပ်၌ မိန့်ခွန်းပြောကြားရာတွင် COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများသည် ရက်ရက်ရောရော ကူညီထောက်ပံ့မှုများဆောင်ရွက်ခဲ့ပြီး ဘိုလီးဗီးယားနိုင်ငံအား ကပ်ရောဂါကာကွယ်မှုထောက်ပံ့ရေး ပစ္စည်းများကို အကြိမ်ကြိမ်လှူဒါန်းပေးခဲ့ကြောင်း၊ ဘိုလီးဗီးယားနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး အတွက် ထောက်ခံအားပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ ကာကွယ်ဆေးက ဘိုလီးဗီးယားနိုင်ငံ လိုအပ်နေချိန်တွင် ရောက်ရှိလာခဲ့ပြီး အစိုးရအနေဖြင့် ရှေ့တန်းရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ဒေသအသီးသီး ရှိ ပြည်သူများကို အတိုင်းအတာကြီးမားစွာ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူလူထုတို့၏ ကူညီမှုအောက်တွင် ဘိုလီးဗီးယားနိုင်ငံအနေဖြင့် ထိရောက်စွာ ကပ်ရောဂါပြန့်ပွားမှုကို တားဆီးနိုင်မည်ဖြစ်ပြီး ပြည်သူလူထု၏ ကျန်းမာရေးကို အာမခံချက်ရရှိအောင်ဆောင်ရွက်နိုင်ကာ နိုင်ငံတော်စီးပွားရေးပြန်လည်ကောင်းမွန်ရန်အတွက် အထောက်အကူဖြစ်စေမည်ကို ယုံကြည်ကြောင်းပြောကြားခဲ့သည်။

ဘိုလီးဗီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဟွမ်ယာကျိုး က COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံ နှင့် ဘိုလီးဗီးယားနိုင်ငံ တို့သည် အပြန်အလှန်စောင့်ရှောက်ကူညီခဲ့ကြပြီး အေးအတူပူအမျှ ကပ်ရောဂါ ပူးပေါင်းတိုက်ဖျက်ခဲ့ကြောင်း ၊ အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် နေရာဒေသဝေးကွာမှု နှင့် စံတော်ချိန်မတူညီမှု စသည့် အဆင်မပြေမှုများကို ဖြေရှင်းကာ အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ချုပ်ဆိုချိန်မှ ကာကွယ်ဆေးပို့ဆောင်ပေးနိုင်ခဲ့သည့် အချိန် အထိ ကာလအားဖြင့် နှစ်ပတ်မျှတာ ကြာမြင့်ခဲ့ကြောင်း ၊ ယင်းမှာ တရုတ်နိုင်ငံ ခေါင်းဆောင် ၏ ကာကွယ်ဆေးအား ကမ္ဘာလုံးဆိုင်ရာ အများပြည်သူပစ္စည်းအဖြစ် သတ်မှတ်မည်ဟူသည့် ကတိပြုချက်အပေါ် အရေးပါသည့် အကောင်အထည်ဆောင်ရွက်မှုဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဘိုလီးဗီးယားနိုင်ငံ နှင့် အတူတကွ အနီးကပ်ညှိနှိုင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ပြီး ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုနက်ရှိုင်းအောင် ဆက်လက်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဘိုလီးဗီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ယခုလဆန်းပိုင်းအချိန်တွင် တရုတ်နိုင်ငံ Sinopharm မှ ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် တရားဝင်ခွင့်ပြုပေးခဲ့ကြောင်း ၊ ကာကွယ်ဆေးထိုးနှံပေးသည့်အစီအစဉ်အရ ဘိုလီးဗီးယားနိုင်ငံ ကျန်းမာရေးဝန်ထမ်း ၊ နာတာရှည် ရောဂါဝေဒနာရှင် များ နှင့် ရောဂါကူးစက်ခံရနိုင်ခြေမြင့်မားသည့်လူအုပ်စုများကို ကာကွယ်ဆေးဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဘိုလီးဗီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းပြုစုချက်အရ ဖေဖော်ဝါရီ ၂၃ ရက်အထိ ဘိုလီးဗီးယားနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၄၄,၃၈၀ ဦးရှိပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၁,၅၀၈ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)
——————————-
(Chinese Version)
(国际疫情)玻利维亚总统亲往迎接中国新冠疫苗
2021-02-25 00:26:46 分类: 政治法律
  新华社利马2月24日电拉巴斯消息:运载由中国国药集团生产的新冠疫苗的玻航专机24日抵达玻利维亚第一大经济城市圣克鲁斯。玻总统阿尔塞、外长马伊塔等官员以及中国驻玻利维亚大使黄亚中、驻圣克鲁斯总领事王家雷前往机场迎接。
  阿尔塞在致辞中说,新冠疫情暴发以来,中国政府和人民慷慨相助,多次向玻捐赠抗疫物资,支持玻人民抗疫斗争。中国疫苗抵玻恰逢其时,玻政府将迅速为一线医护人员和各地百姓大范围接种。相信在中国政府和人民的帮助下,玻利维亚将有效遏制疫情蔓延,保障人民生命健康,助力复工复产和国家经济复苏。
  黄亚中表示,新冠疫情暴发以来,中玻两国守望相助、同舟共济,抗疫合作取得丰硕成果。中玻两国克服地理遥远和时差等不利因素,通力合作、密切配合,从两国签署疫苗合作协议到疫苗正式运抵相隔不到两周,这是落实中国领导人关于疫苗作为全球公共产品承诺的重要举措,充分体现了中玻战略伙伴关系和人民间的情谊。中方愿同玻方进一步密切沟通协作,继续深化抗疫合作。
  据悉,玻利维亚卫生部已于本月初正式授权在玻紧急使用中国国药集团生产的新冠疫苗。根据接种计划,玻利维亚的医护人员、基础疾病患者等感染风险较高群体将优先接种。
玻利维亚卫生部数据显示,截至23日,该国累计新冠确诊病例244380例,累计死亡病例11508例。(完)

photo
2月24日,玻利维亚总统阿尔塞(前左)和中国驻玻利维亚大使黄亚中(前右)在圣克鲁斯的机场交谈。新华社发(罗德里戈•乌拉加斯蒂摄)