Connect with us

WORLD

  တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေး (၆.၅)သန်း တူရကီသို့ ရောက်ရှိ

တူရကီနိုင်ငံ အစ္စတန်ဘူလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိလာသည်ကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေး (၆.၅)သန်း သည် ဇန်နဝါရီ ၂၅ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေး (၆.၅)သန်း ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် တူရကီသို့ ရောက်ရှိမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်များကို ဆက်လက်တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး Fahrettin Kocaက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ဇန်နဝါရီ ၂၄ ရက်နေ့လည်ပိုင်းအထိ တူရကီတွင် လူပေါင်း(၁.၂၄)သန်းနီးပါးကို Sinovac Biotech၏ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားပြီဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိလာသည်ကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိလာသည်ကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိလာသည်ကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီ ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၄ ရက် ဖော်ပြချက်များအရ ယင်းနေ့သည် တူရကီတွင် လူပေါင်း(၁၄၈,၄၂၅)ဦးကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့အနက် (၅,၂၇၇)ဦးသည် positiveဖြစ်ကြောင်း၊ လက်ရှိ တူရကီတွင် ကိုဗစ်အတည်ပြုလူနာ (၂,၄၂၉,၆၀၅)ဦး၊ အသစ်ထပ်တိုးသေဆုံးသူ(၁၄၀)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၂၅,၀၇၃)ဦး ရှိကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)

(国际疫情)650万剂中国新冠疫苗运抵土耳其
2021-01-25 22:51:13
新华社照片,伊斯坦布尔,2021年1月25日
1月25日,在土耳其伊斯坦布尔国际机场,工人卸载装有中国新冠疫苗的航空运输箱。
当日,650万剂中国新冠疫苗运抵土耳其。
新华社发(奥斯曼•厄尔萨尔摄)

土耳其卫生部24日表示,当天对148425人进行新冠病毒检测,其中5277人检测结果为阳性。至此,土累计新冠感染病例达2429605例;新增死亡病例140例,累计死亡25073例。
土卫生部长科贾在社交平台上表示,650万剂新冠疫苗定于25日早晨运抵土耳其,其疫苗接种计划将继续推进。据土卫生部消息,截至24日中午,土已有近124万人接种中国科兴公司的新冠疫苗。((国际疫情)综合消息:中东多国加紧疫苗接种及采购工作2021-01-25 13:55:40)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.