Connect with us

WORLD

အစ္စရေးတွင် COVID-19ကပ်ရောဂါကာကွယ်ရေးအတွက် ကုန်းလမ်းနယ်စပ်ဂိတ်တံခါး ပိတ်ထား

လော့ခ်ဒေါင်းကာလ အစ္စရေးနိုင်ငံ တောင်ပိုင်း Mitzpe Ramonမြို့တွင် တောင်ဆိတ်ရိုင်းလေးများ မြို့ထဲလမ်းများထဲဝင်ရောက် ကျက်စားနေကြသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလင်၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

COVID-19 ကပ်ရောဂါ ကာကွယ်ရေးအတွက် အစ္စရေးတွင် ကုန်းလမ်းနယ်စပ်ဂိတ်တံခါးကို ဇန်နဝါရီ ၂၈ ရက်မှ ၃၁ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း အစ္စရေး ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဂျော်ဒန်၊ အီဂျစ် အကြားက ကုန်းလမ်းနယ်စပ်ဂိတ်ကို ဇန်နဝါရီ ၂၈ ရက်မှ ၃၁ ရက် အထိ ပိတ်ထားမည်ဖြစ်ရာ နိုင်ငံသားများနှင့် နိုင်ငံခြားသားများ ဝင်ထွက်သွားလာခြင်းကို တားမြစ်ထားမည်ဖြစ်ကြောင်း အစ္စရေးပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

လော့ခ်ဒေါင်းကာလ အစ္စရေးနိုင်ငံ တောင်ပိုင်း Mitzpe Ramonမြို့တွင် တောင်ဆိတ်ရိုင်းလေးများ မြို့ထဲလမ်းများထဲဝင်ရောက် ကျက်စားနေကြသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လော့ခ်ဒေါင်းကာလ အစ္စရေးနိုင်ငံ တောင်ပိုင်း Mitzpe Ramonမြို့တွင် တောင်ဆိတ်ရိုင်းလေးများ မြို့ထဲလမ်းများထဲဝင်ရောက် ကျက်စားနေကြသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လော့ခ်ဒေါင်းကာလ အစ္စရေးနိုင်ငံ တောင်ပိုင်း Mitzpe Ramonမြို့တွင် တောင်ဆိတ်ရိုင်းလေးများ မြို့ထဲလမ်းများထဲဝင်ရောက် ကျက်စားနေကြသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လော့ခ်ဒေါင်းကာလ အစ္စရေးနိုင်ငံ တောင်ပိုင်း Mitzpe Ramonမြို့တွင် တောင်ဆိတ်ရိုင်းလေးများ မြို့ထဲလမ်းများထဲဝင်ရောက် ကျက်စားနေကြသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးဘက်က ထိန်းချုပ်သည့် ပါလက်စတိုင်း ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသနှင့် ဂျော်ဒန်အကြား Allenby တံတား ကုန်လမ်း နယ်စပ်ဂိတ်ကို ဇန်နဝါရီ ၂၈ ရက်မှ ၃၁ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန အစိုးရလုပ်ငန်းများညှိနှိုင်းရေးရုံး ကလည်း ထိုရက်မှာပင် တစ်ပြိုင်တည်း ကြေညာခဲ့သည်။

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်၏ဘေးဒဏ်မှ ပြည်သူများကို ကာကွယ်ရန် မြို့လော့ခ်ဒေါင်းနှင့် နယ်စပ်ဂိတ်တံခါး ပိတ်ထားခြင်းသည် အစ္စရေး၏ ကပ်ရောဂါတိုက်ဖျက်ရေး အဓိကနည်းလမ်းဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ၎င်း၏ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၇ ရက်မှစ၍ ၎င်း၏ တတိယအကြိမ်မြောက် တစ်နိုင်ငံလုံးအတိုင်းအတာ လော့ခ်ဒေါင်း နည်းလမ်းများကို စတင်ခဲ့ခြင်းပြီး ယခုလ ၃၁ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။

ဗီဇပြောင်း ဗိုင်းရပ်စ်ဘေးဒဏ်ကို ကာကွယ်ရန်အတွက် ယခုလ ၂၅ ရက် သန်းခေါင်ယံမှ ၃၁ ရက် အထိ နိုင်ငံတကာလေကြောင်းသွားလာမှုကို ယာယီရပ်နားထားဖို့ အစ္စရေးအစိုးရက ထိုမတိုင်မီရက်များတွင် ဆုံးဖြတ်ခဲ့ပြီး ဘန်ဂူးရီးယန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်ထားခဲ့သည်။

အစ္စရေး ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့ အစ္စရေးတွင် ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၇,၄၁၂) ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၆၂၀,၆၉၈)ဦး ၊ အသစ်ထပ်တိုး သေဆုံးသူ (၇၃)ဦးနှင့် စုစုပေါင်းသေဆုံးသူ (၄,၅၇၄)ဦး၊ ရောဂါသက်သာပျောက်ကင်းသူ (၆,၈၇၇)ဦးနှင့် စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ (၅၄၁,၃၃၉)ဦးရှိကြောင်း သိရသည်။(Xinhua)

———————————————-
(Chinese Version)
(国际疫情)以色列将关闭陆路口岸以防控新冠疫情
2021-01-28 07:36:52
新华社耶路撒冷1月27日电(记者尚昊)以色列内政部27日说,为防控新冠疫情,该国28日至31日将关闭陆路口岸。
 以色列内政部发表声明说,以色列与约旦、埃及之间的陆路口岸28日至31日关闭,禁止本国公民和外国公民出入。
以色列国防部政府活动协调员办公室同日宣布,以方控制的巴勒斯坦约旦河西岸地区与约旦之间的艾伦比桥陆路口岸28日至31日也将关闭。
  以总理内塔尼亚胡在一份声明中说,为保护民众免受变异新冠病毒影响,“封城”和关闭边境口岸是以色列抗疫的两个“主要工具”。
以色列卫生部27日公布的数据显示,该国当天新增新冠确诊病例7412例,累计确诊620698例;新增死亡病例73例,累计死亡4574例;新增治愈病例6877例,累计治愈541339例。(完)

图说:新华社照片,米茨普拉蒙(以色列),2021年1月24日
(新华视界)(1)以色列:“封城”期间 羱羊出没
1月23日,在以色列南部城市米茨普拉蒙,野生羱羊在马路上散步。