Connect with us

WORLD

တရုတ် နိုင်ငံ က ဘီလာရုစ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရန် အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ထောက်ပံ့ပေးအပ် 

မင့်စ်ခ် ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရမှ  ဘီလာရုစ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရန် အတွက် ပေးအပ်သော လူသားချင်း စာနာထောက်ထားမှု အကူအညီ ထောက်ပံ့ရေးပစ္စည်းများသည် ဧပြီလ ၁ ရက် ညပိုင်း အချိန်တွင် ဘီလာရုစ် နိုင်ငံ မြို့တော် မင့်စ်ခ် သို့ ရောက် ရှိခဲ့ကြောင်း သိရသည်။

ဘီလာရုစ် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချွေးချီမင်း (Cui Qiming) က မင့်စ်ခ် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၌ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ရာတွင် ယခု ပို့ဆောင်ပေးခဲ့သည့် ပစ္စည်းများ သည် တရုတ် နိုင်ငံ အစိုးရ မှ ဘီလာရုစ် နိုင်ငံ သို့ COVID-19 ရောဂါ တိုက်ဖျက်ရန် ပထမ အသုတ် အနေဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ဖြစ်ပြီး ထောက်ပံ့ရေး ပစ္စည်းများ တွင် ရောဂါ စစ်ဆေးမှု ကိရိယာ ၊ ကာကွယ်ရေး ဝတ်စုံ ၊ ကာကွယ်ရေး မျက်မှန် နှင့် ဆေးဘက်ဆိုင်ရာသုံး လက်အိတ် စသည် တို့ပါဝင်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သံအမတ်ကြီး ချွေးချီမင်း က သတင်းထောက်များ၏ မေးမြန်းမှု အား ဖြေကြားရာတွင် တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံ အတွင်း COVID-19 ရောဂါ ဖြစ်ပွား ချိန်တွင် ဘီလာရုစ် နိုင်ငံ မှ တရုတ် နိုင်ငံ အား ပေးအပ်ခဲ့သည့် တန်ဖိုးကြီးမားသော ကူညီထောက်ပံ့မှုများအတွက်  ကျေးဇူးတင်လိုကြောင်း ၊ ယနေ့ ရောက်ရှိခဲ့သည့် လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေး ပစ္စည်းများသည် တရုတ် နိုင်ငံ ပြည်သူလူထု ၏ ဘီလာရုစ် နိုင်ငံ ပြည်သူလူထု အပေါ် ချစ်ကြည်ရေး သံယောဇဉ် အား ပေါ်လွင်စေခဲ့ပြီး ယခု ထောက်ပံ့ရေး ပစ္စည်းများကို ဘီလာရုစ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရန် နှင့် အများပြည်သူ ကျန်းမာရေး စနစ် တိုးမြှင့်ရန် အတွက် အထောက်အကူ ဖြစ်စေလိုကြောင်း ပြောကြား ခဲ့သည်။

ဘီလာရုစ် နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Boris Androsyuk က ယခု ရောက်ရှိလာသည့် ထောက်ပံ့ရေး ပစ္စည်းများ သည် ဘီလာရုစ် နိုင်ငံ မှ COVID-19 ရောဂါ တိုက်ဖျက်ရန် အရေးပေါ် လိုအပ်နေသော ပစ္စည်းများ ဖြစ်ပြီး တရုတ် နိုင်ငံ ၏ ချစ်ကြည်ကောင်းမွန်သည့် ဆောင်ရွက်မှု အပေါ် ကျေးဇူးတင်လိုကြောင်း ပြောကြား ခဲ့သည်။

ဘီလာရုစ် နိုင်ငံ တွင် ဖေဖော်ဝါရီ ၂၈ ရက် ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စတင် တွေ့ရှိခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာန ၏ ဧပြီ ၁ ရက် ထုတ်ပြန်ကြေညာချက် အရ နိုင်ငံ အတွင်း ရောဂါ ကူးစက် ခံရသူ စုစုပေါင်း ၁၅၇ ဦး ရှိခဲ့ကြောင်း နှင့် သေဆုံးသူ ၂ ဦး ရှိကြောင်း သိရှိရသည်။  (Xinhua)