Connect with us

WORLD

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စိုးရိမ်မှုများကြားမှ အိုလံပစ်မီးရှူးတိုင် ဂျပန်နိုင်ငံသို့ ရောက်ရှိ

အိုလံပစ် မီးရှူးတိုင် ဂျပန်နိုင်ငံသို့ ရောက်ရှိခြင်းနှင့် မီးရှူးတိုင် လွှဲပြောင်းခြင်းအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ မတ် ၂၀ ရက် (ဆင်ဟွာ)

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် စိုးရိမ်ပူပန်မှုများကြားမှ တိုကျိုအားကစားပွဲများ ဖွင့်ပွဲပြုလုပ်ရန် စီစဉ်ထားသည့်အချိန်မတိုင်မီ လေးလအလို မတ် ၂၀ ရက်တွင် ဂျပန်နိုင်ငံသို့ အိုလံပစ်မီးရှူးတိုင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မီးရှူးတိုင်အား တင်ဆောင်လာသော Tokyo 2020 Go စင်းလုံးငှားလေယာဉ်သည် ဂျပန်နိုင်ငံ မီယာဂီစီရင်စု၊ မာဆုရှှီမာမြို့ရှိ ဂျပန်လေတပ် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ အခြေစိုက်စခန်းသို့ ဆိုက်ရောက်လာခဲ့သည်။

အိုလံပစ် မီးရှူးတိုင် ဂျပန်နိုင်ငံသို့ ရောက်ရှိခြင်းနှင့် မီးရှူးတိုင် လွှဲပြောင်းခြင်းအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

အိုလံပစ် မီးရှူးတိုင် ဂျပန်နိုင်ငံသို့ ရောက်ရှိခြင်းနှင့် မီးရှူးတိုင် လွှဲပြောင်းခြင်းအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

အိုလံပစ် မီးရှူးတိုင် ဂျပန်နိုင်ငံသို့ ရောက်ရှိခြင်းနှင့် မီးရှူးတိုင် လွှဲပြောင်းခြင်းအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

အိုလံပစ် မီးရှူးတိုင် ဂျပန်နိုင်ငံသို့ ရောက်ရှိခြင်းနှင့် မီးရှူးတိုင် လွှဲပြောင်းခြင်းအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

အိုလံပစ် သုံးကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆုရှင်များဖြစ်သော တာဒါဟီရို နိုမူရာ (Tadahiro Nomura) နှင့် ဆာအိုရီ ယိုရှီဒါ (Saori Yoshida) တို့က လေယာဉ်ဂိတ်ပေါက်ဝတွင် မီးရှူးတိုင်အား ယူဆောင်ခဲ့ပြီး Tokyo 2020 ဥက္ကဋ္ဌ ယိုရှီရို မိုရီ (Yoshiro Mori) ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူ မိုရီက  “ဒီအခမ်းအနားကို ဘေးကင်းလုံခြုံစွာ ဖွင့်လှစ်နိုင်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ တကယ်တော့ ဒီမှာ ကလေးတွေနဲ့ မီးရှူးတိုင်ကြိုဆိုခြင်း အခမ်းအနားပြုလုပ်ဖို့ အရင်ကစီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဘေးကင်းရေးဦးစားပေးတဲ့အနေနဲ့ ကလေးတွေမပါဘဲ ကျင်းပဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် လူနည်းစုအား ပြောကြားခဲ့သည်။

ထို့ပြင် ဘေးကင်း၊ စိတ်ချရသော အိုလံပစ်အားကစားပွဲဖြစ်နိုင်ရန် ကတိပြုကြောင်းလည်း မိုရီက ဆိုသည်။

မီးရှူးတိုင်လွှဲပြောင်းခြင်း အခမ်းအနားကို ပရိသတ်များအား တက်ရောက်ခွင့်မပြုဘဲ Tokyo 2020 တာဝန်ရှိသူ အနည်းငယ်သာ တက်ရောက်ခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.