Connect with us

WORLD

ဘရာဇီးနိုင်ငံ သမ္မတက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုထပ်မံပြုလုပ်ခဲ့ရာ ရောဂါပိုးတွေ့ရှိ

ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရိုအား တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် ပထမအကြိမ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စမ်းသပ်တွေ့ရှိပြီး တစ်ပတ်ခန့်အကြာ၌ ဒုတိယအကြိမ် စစ်ဆေးမှုထပ်မံပြုလုပ်ခဲ့ကြောင်း ဇူလိုင် ၁၅ ရက်က အတည်ပြုပြောကြားခဲ့သည်။ 

“လာမည့်ရက်အနည်းငယ်မှာ သူတို့ ကျွန်တော့်ကို စမ်းသပ်မှုအသစ်တစ်ခုလုပ်ပါလိမ့်မယ်။ အရာအားလုံးကောင်းသွားပါလိမ့်မယ် ၊ ပုံမှန်လုပ်ဆောင်မှုတွေကို ကျွန်တော်တို့ ပြန်လုပ်နိုင်မှာပေါ့ ” ဟု သမ္မတက ဖေ့ဘွတ်ခ်အကောင့်မှ တိုက်ရိုက်ထုတ်လွှင့်ပြောကြားခဲ့သည်။ 

ဘိုဆိုနာရိုသည် ဘရာဇီးလီးယားမြို့ရှိ Alvorada နန်းတော်တွင် နေထိုင်လျက်ရှိကြောင်းနှင့် ကျန်းမာရေးအဖွဲ့က လိုက်ပါစောင့်ရှောက်လျက်ရှိကြောင်း သမ္မတ၏ ဆက်သွယ်ရေးအတွင်းဝန်က ပြောကြားခဲ့သည်။ 

ဘိုဆိုနာရိုသည် နောက်ဆုံးအကြိမ်စမ်းသပ်မှုကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ရလဒ်ကိုမူ ယင်းနေ့ညပိုင်း၌ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ဘိုဆိုနာရိုသည်ဖျားနာခြင်းနှင့် နေထိုင်မကောင်းဖြစ်ခြင်းကြောင့် Brazilian Armed Forces ဆေးရုံတွင် ရောဂါစစ်ဆေးမှုခံယူခဲ့ရာ COVID-19 ကူးစက်ခံရကြောင်း ဇူလိုင် ၇ ရက်က ကြေညာခဲ့သည်။ 

ဆရာဝန်က သမ္မတအား လုံခြုံရေးအစောင့်အရှောက်များဖြင့် ပန်းခြံတစ်လျှောက် မကြာခဏလမ်းလျှောက်လေ့ရှိသော Alvorada နန်းတော်၌ ရောဂါသက်သာမှုရှိစေရေးအတွက် သွားရောက်နေထိုင်ရန် ညွှန်ကြားခဲ့သည်။ 

အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဘိုဆိုနာရိုကို ရောဂါသစ်ဖြစ်ပွားသော အန္တရာယ်ရှိသည့် အုပ်စုတွင် ထည့်သွင်းရန် စဉ်းစားထားကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.