Connect with us

WORLD

လိုအပ်ချက်များအရရောဂါကာကွယ်ရေးနည်းလမ်းများကို လုံးဝတွေဝေတုံ့ဆိုင်းခြင်းမရှိ တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြောကြား

ဗြိတိန်နိုင်ငံလန်ဒန်မြို့၏မြင်ကွင်းများအားစက်တင်ဘာ၃၀ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ၏ ကိုရိုနားဗိုင်းရပ်စ်ကပ်ရောဂါ အခြေအနေသည် တစ်ဆင့်တိုးထပ်မံထိန်းချုပ်ရန် လိုအပ်မည်ဆိုပါက အစိုးရအနေဖြင့် လုံးဝတွေဝေတုံ့ဆိုင်းခြင်းမရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၃၀ ရက်တွင် လန်ဒန်မြို့၌ပြောကြားခဲ့သည်။

 ကပ်ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားမှုကိုရင်ဆိုင်ဖြေရှင်းရန်၊ ရောဂါပိုးပြန့်ပွားမှုကို လျှော့ချရန်ပိုမိုတင်းကြပ်သည့် ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဗြိတိန်အစိုးရကစက်တင်ဘာ၂၂ ရက်တွင် ကြေညာခဲ့သည်။

ကာကွယ်ထိန်းချုပ်ရေးနည်းလမ်း၏ထိရောက်မှုသည်အချိန်အတိုင်းအတာတစ်ခုလိုအပ်သေးကြောင်း ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ဗြိတိန်နိုင်ငံအစိုးရ၏ စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့တွင် ကိုဗစ်အသစ်ထပ်တိုးတည်ပြုလူနာ ၇,၁၀၈ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၄၅၃,၂၆၄ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားနေသော်လည်း လက်ရှိဗြိတိန်သည် မတ်လကပ်ရောဂါဖြစ်ပွားသည့်အချိန်က ထက်ပြင်ဆင်မှုများပို၍ပြည့်စုံကြောင်း ဘောရစ်ဂျွန်ဆင်ကဆိုသည်။ “ကျွန်တော်တို့က အောက်တိုဘာလကုန်မတိုင်မီကို ရိုနာဗိုင်းရပ်စ်စစ်ဆေးမှုစွမ်းရည်ကိုနေ့စဉ် ၅ သိန်းလောက် စစ်ဆေးနိုင်ရန်မြှင့်တင်ဆောင်ရွက်နေပါတယ်”၊ ယခုနှစ်ဆောင်းရာသီအတွက် ၄ လကြာ အသုံးပြုနိုင်မည့် ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ ပြင်ဆင်ထားပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆေးစစ်နိုင်စွမ်းတိုးမြှင့်ခြင်း၊ ကောင်းမွန်သည့်ကုထုံး၊ ထိရောက်သည့်ကာကွယ်ဆေး သုတေသနပြုမှုများ တိုးတက်လာခြင်းနှင့်အတူ ဗြိတိန်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အခက်အခဲကြီးကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း ဘောရစ်ဂျွန်ဆင်ကပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.