Connect with us

WORLD

 အင်အားနည်းသည့် နိုင်ငံ အပေါ် တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု က ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ပိုမို ဒုက္ခရောက်စေကြောင်း တရုတ် နိုင်ငံ ပြောကြား

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ၊ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ၊ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်း က တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုသည်အင်အားနည်းနိုင်ငံများ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး စွမ်းရည်ကို  ပိုမို ကျဆင်း စေပြီး ဆီးရီယား ကဲ့သို့သော အင်အားနည်း နိုင်ငံများအတွက် ပိုမို ဒုက္ခ ရောက်စေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယင်း တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုများ အပေါ် လွန်စွာ ဂရုပြုမိပြီး သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ဘက်ပေါင်းစုံ မှ ဆီးရီးယား နိုင်ငံအပေါ် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု များအား ချက်ချင်း ပယ်ဖျက်ရန် တိုက်တွန်းကြောင်း မတ်လ ၃၀ ရက် ၌ ပြောကြား ခဲ့သည်။

ကျန်းကျွင်း က လုံခြုံရေး ကောင်စီ တွင် ဆီးရီးယား အရေး နှင့် ပတ်သက်၍ ပြောကြားရာတွင် လက်ရှိတွင် ဆီးရီးယား နိုင်ငံ ၌ COVID-19 ကူးစက်ခံရမှုသည် အကန့်အသတ် ရှိသော်လည်း ကပ်ရောဂါ ကြောင့် ဆီးရီးယား နိုင်ငံ အပေါ် သက်ရောက်မှု မှာ တစ်နေ့တစ်ခြား ပိုမို စိုးရိမ်ဖွယ် ရှိလာကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ဆီးရီးယား နိုင်ငံ အား ရောဂါ စစ်ဆေးရေး ကိရိယာ များ ပေးပို့ ခဲ့ပြီး ရှေ့ဆက်၍လည်း ဆီးရီးယား စသည့် နိုင်ငံများ ကပ်ရောဂါ တိုက်ဖျက်ရန် အတွက် ကူညီထောက်ပံ့မှု များ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆီးရီးယားအပေါ် ဘက်ပေါင်းစုံ မှ တစ်ဖတ်သတ် အရေးယူ ပိတ်ဆို့မှု များအား ချက်ချင်း ပယ်ဖျက်ရန် တိုက်တွန်းလိုပြီး တရုတ် နှင့် ရုရှား စသည့် နိုင်ငံ များ က ပူးတွဲလက်မှတ်ရေးထိုး၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ သို့ အကြောင်းကြားစာ ပေးပို့ က သဘောထားအား ရှင်းလင်းစွာ ပြောကြား ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရုံး မှလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် လူ့အခွင့်အရေး ဆိုင်ရာ အရာရှိများ အား ယခု ကိစ္စရပ် နှင့် ပတ်သက်၍ တိုက်တွန်းစေလိုကြောင်း ပြောကြား ခဲ့သည်။ 

ထို့ပြင် ကျန်းကျွင်း က တရုတ် နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ ပြည်သူလူထု ၏ လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်အပေါ် အနီးကပ် ဂရုပြုနေပြီး ဆီးရီးယား နိုင်ငံ တွင် ဘက်စုံ တရားမျှသစွာ ဆောင်ရွက်မှု ပြုလုပ်ရန်လိုအပ်ကြောင်း ၊ လတ်တလောရက်ပိုင်းတွင် ဆီးရီးယား အစိုးရ ၏ လူသားချင်း စာနာထောက်ထားမှု လုပ်ဆောင်ချက်များသည် တိုးတက်မှု ရရှိခဲ့သည့်အတွက် တရုတ် နိုင်ငံ အနေဖြင့် လွန်စွာ ဝမ်းမြောက် မိပြီး ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရုံး အနေဖြင့်လည်း ဆီးရီးယား နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးချဲ့ ဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)