Connect with us

WORLD

အယ်လ်ဂျီးရီးယား နိုင်ငံသမ္မတ က တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့မှု အပေါ် ချီးမွမ်း ဂုဏ်ပြုကြောင်း ပြောကြား 

အယ်လ်ဂျီးရီးယား နိုင်ငံ သမ္မတ Abdelmadjid Tebboune ရုပ်မြင်သံကြား မှတစ်ဆင့် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

တူနီးရှား ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယား နိုင်ငံ သမ္မတ Abdelmadjid Tebboune က နိုင်ငံ အတွင်း COVID-19 ရောဂါ တိုက်ဖျက်နေချိန်တွင် တရုတ် နိုင်ငံ က ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှု ပစ္စည်းများ ပေးအပ်ခဲ့ခြင်းအပေါ် တရုတ် နိုင်ငံသည် အယ်လ်ဂျီးရီးယား နိုင်ငံ ၏ စစ်မှန်သော မိတ်ဆွေ ဖြစ်ကြောင်း မတ် ၃၁ ရက် တွင် ထုတ်ဖော်ပြောကြား ခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတသည် ရုပ်မြင်သံကြားမှတစ်ဆင့် နိုင်ငံသို့ တိုက်ရိုက် မိန့်ခွန်းပြောကြားရာတွင် တရုတ်-အယ်လ်ဂျီးရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးသည် သမိုင်းကြောင်း ရှည်ကြာပြီး တရုတ် နိုင်ငံ၌ ကပ်ရောဂါ တိုက်ဖျက်နေချိန်တွင် အယ်လ်ဂျီးရီးယား နိုင်ငံ အနေဖြင့် အထူးလေယာဉ် ဖြင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ မှ အယ်လ်ဂျီးရီးယား နိုင်ငံ အား ကူညီထောက်ပံ့မှုများ ပြန်လည် ဆောင်ရွက်ပေးခဲ့သည့် အတွက် နှစ်နိုင်ငံ အကြား ခိုင်မာသည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သည် လက်ရှိချိန်တွင် COVID-19 ရောဂါ တိုက်ဖျက်နေသည့် တစ်ချိန်တည်းမှာပင် အခြား နိုင်ငံများအား ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှု ပြုလုပ်ပေးနိုင်သည့် ကမာ္ဘ့နိုင်ငံအနည်းငယ်အနက်  တရုတ်နိုင်ငံသည် တစ်နိုင်ငံအပါအဝင်ဖြစ်ကြောင်း ၊ အယ်လ်ဂျီးရီးယား နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံထံမှာ ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာ အများအပြားကို အမြန်ဆုံး ဝယ်ယူသွားလိုကြောင်း ပြောကြား ခဲ့သည်။

မတ် ၃၁ ရက်အထိ အယ်လ်ဂျီးရီးယား နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ၇၁၆ ဦး ရှိပြီး သေဆုံးသူ ၄၄ ဦး ရှိကြောင်း သိရှိရသည်။  (Xinhua)