WORLD
အီတလီ နိုင်ငံကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက တတိယအသုတ် ပညာရှင်များထပ်မံ စေလွှတ်
ဖူကျုံး ၊ မတ်လ ၂၅ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ က အီတလီ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အား ကူညီထောက်ပံ့ရန် အတွက် တတိယ အသုတ် အနေဖြင့် ပညာရှင်ပေါင်း ၁၄ ဦး ဖြင့် ဖွဲ့စည်း ထားသည့် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ ကို ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာရှင်အဖွဲ့သည် မတ် ၂၅ ရက် နံနက်ပိုင်းတွင် ဖူကျန့် ပြည်နယ် ဖူကျုံး မြို့ မှ စင်းလုံးငှားလေယာဖြင့် အီတလီ နိုင်ငံ သို့ ထွက်ခွာ သွားခဲ့ပြီး အီတလီ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်း စစ်မျက်နှာပြင်အတွက် တရုတ် နိုင်ငံက အင်အားများ ထပ်မံ ဖြည့်စွက်ပေးခဲ့ခြင်းဖြစ်သည်။
တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ က အီတလီ နိုင်ငံ ၌ ကပ်ရောဂါ ဆိုးရွားစွာ ဖြစ်ပွားနေသည့် ဒေသတွင် ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)
တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ က အီတလီ နိုင်ငံ ၌ ကပ်ရောဂါ ဆိုးရွားစွာ ဖြစ်ပွားနေသည့် ဒေသတွင် ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)
ယခု အကြိမ် စေလွှတ် ခဲ့သည့် တရုတ် နိုင်ငံ ပညာရှင်အဖွဲ့သည် ဖူကျန့် ပြည်နယ် အတွင်းရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ မှ ဖြစ်ပြီး နှာလုံးသွေးကြောဆိုင်ရာ ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ၊ ကူးစက်ရောဂါ ဆိုင်ရာ နှင့် အခြား ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ကဏ္ဍများမှ ပညာရှင်များ ပါဝင်ကြောင်း သိရှိရသည်။
ပညာရှင်အဖွဲ့ နှင့် အတူ အီတလီ နိုင်ငံအတွက် အရေးပေါ် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ နှင့် အသက်ရှူစက် ကိရိယာ ၃၀ ၊ ဆေးဘက်ဆိုင်ရာ တိုင်းတာရေး ကိရိယာ ၂၀ ၊ ကာကွယ်ရေး ဝတ်စုံ အစုံ ၃,၀၀၀ ၊ N95 နှာခေါင်းစည်း ၇ သောင်း ၊ ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း အခုရေ ၃ သိန်း ၊ မျက်နှာဖုံး ကိရိယာ ၃,၀၀၀ နှင့် တရုတ် တိုင်းရင်းဆေးဝါးများ ကိုလည်း သယ်ဆောင်သွားကြောင်း သိရှိရသည်။
တရုတ် နိုင်ငံ မှ တတိယ အသုတ် အဖြစ် စေလွှတ် သည့် ပညာရှင် အဖွဲ့ သည် အီတလီ နိုင်ငံရှိ ဆေးဘက်ပညာရှင် များနှင့် အတွေ့အကြုံများ ဖလှယ် သွားမည်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများ ကို ရှင်းလင်းပြောကြားပေးသွားမည် ဖြစ်ကြောင်း ၊ အီတလီ နိုင်ငံ ၏ လက်တွေ့အခြေအနေ အပေါ်မူတည်၍ ကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံများ ကို ပေးအပ်သွားမည်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ကျန်းမာရေး ညွှန်ကြားမှု နှင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယခုမတ်လအတွင်း တရုတ် နိုင်ငံ မှ အီတလီ နိုင်ငံ သို့ ပညာရှင် အဖွဲ့ နှစ်သုတ် စေလွှတ် ပေးခဲ့ပြီး ဖြစ်ကြောင်း နှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်း တန် ၂၀ ပေးပို့ ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)