Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

အီတလီ နိုင်ငံ တွင် စီးရီးအေ အပါအဝင် အားကစားပွဲများ ကျင်းပခွင့် ကို ဇွန် ၁၄ ရက် အထိ ပိတ်ပင်ထား - Xinhua News Agency
Connect with us

WORLD

အီတလီ နိုင်ငံ တွင် စီးရီးအေ အပါအဝင် အားကစားပွဲများ ကျင်းပခွင့် ကို ဇွန် ၁၄ ရက် အထိ ပိတ်ပင်ထား

အီတလီ နိုင်ငံ စီးရီးအေ ပြိုင်ပွဲဝင် Juventus အသင်း အိမ်ကွင်း အားကစားပွဲမြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ရောမ ၊ မေ ၁၉ ရက် (ဆင်ဟွာ)

အီတလီ နိုင်ငံ အစိုးရ သည် မေ ၁၈ ရက်တွင် အမိန့်ကြေညာချက် တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး စီးရီးအေ အပါအဝင် အီတလီ နိုင်ငံ အတွင်း အားကစားပွဲ အမျိုးမျိုး ကျင်းပ ခွင့်အား ဇွန်လ ၁၄ ရက် နေ့ အထိ ပိတ်ပင် ကြောင် ထုတ်ပြန်ကြေညာ ခဲ့သည်။

COVID-19 ရောဂါ ဖြစ်ပွားမှု ကြောင့် အီတလီ နိုင်ငံ ၏။ စီးရီးအေပြိုင်ပွဲကို မတ်လတွင် စတင် ရပ်နားခဲ့ပြီး နိုင်ငံအတွင်း ကပ်ရောဂါ အခြေအနေ ပြန်လည် ကောင်းမွန်လာသည် နှင့် အမျှ မေ၄ ၌ စီးရီးအေ ပြိုင်ပွဲဝင်ကစားသမားများအား  တစ်ဦးခြင်းလေ့ကျင့်မှု ကို ပြန်လည် စတင် ခွင့်ပြုခဲ့သည်။ 

ထို့ပြင် အီတလီ နိုင်ငံ စီးရီးအေဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၃ ရက် တွင် ပြန်လည် စတင်ရန် အကြံပြုခဲ့သော်လည်း အမိန့်ကြေညာချက် အသစ် အရ စီးရီးအေပွဲစဉ်များအား ဇွန်လ ၁၄ ရက် မတိုင်ခင် ထိ ပြန်လည် ကျင်းပ ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

အီတလီ နိုင်ငံ စီးရီးအေ အမှတ်ပေးဇယားတွင် လက်ရှိချိန် ၌ ဂျူဗင်တပ်စ်အသင်း က ရမှတ် ၆၃ မှတ် ဖြင့် ထိပ်ဆုံး နေရာ တွင် ရပ်တည်နေပြီး လာဇီယို အသင်း က တစ်မှတ်လျော့ ဖြင့် ဒုတိယ နေရာ တွင် ရပ်တည်နေကြောင်း သိရှိရသည်။  (Xinhua)