Connect with us

WORLD

ပါကစ္စတန်နိုင်ငံသို့ CanSino COVID-19 ကာကွယ်ဆေး ပထမအသုတ်ရောက်ရှိ

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ အစ္စလာမ်မာဘတ် နိုင်ငံတကာလေဆိပ်တွင် CanSino COVID-19 ကာကွယ်ဆေးပါဝင်သော ကုန်သေတ္တာကို အလုပ်သမားတစ်ဦးက စစ်ဆေးနေစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အစိုးရက တရုတ်နိုင်ငံမှ ဝယ်ယူထားသော CanSino COVID-19 ကာကွယ်ဆေး ပထမအသုတ်သည် မတ် ၃၀ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။

CanSino ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုတတိယအဆင့်အား ပါကစ္စတန်နိုင်ငံတွင် ပြုလုပ်လျက်ရှိပြီး အဆိုပါ ဆေးသည် ပါကစ္စတန်နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားသည့် ဒုတိယမြောက် တရုတ်နိုင်ငံထုတ် COVID-19 ဆေးလည်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ အစ္စလာမ်မာဘတ် နိုင်ငံတကာလေဆိပ်တွင် CanSino COVID-19 ကာကွယ်ဆေးများကို အလုပ်သမားများက အောက်သို့ချနေစဉ် (ဆင်ဟွာ)

တစ်ကြိမ်တည်းသာထိုးနှံရန်လိုသော CanSino COVID-19 ကာကွယ်ဆေးသည် ပါကစ္စတန်နိုင်ငံ၌ ပုံမှန်လူမှုဘဝများနှင့် စီးပွားရေး ပုံမှန်ပြန်လည်ထိန်းသိမ်းရေး အထောက်အကူဖြစ်စေရန် လူမှုအသိုက်အဝန်းအတွင်း ရောဂါခုခံအားစနစ်တည်ဆောက်ရေး အဆင်ပြေလွယ်ကူစေရန် မျှော်လင့်ကြောင်း CanSino Biologics Inc. က ဆင်ဟွာအား ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ အစ္စလာမ်မာဘတ် နိုင်ငံတကာလေဆိပ်တွင် CanSino COVID-19 ကာကွယ်ဆေးများကို အလုပ်သမားများက အောက်သို့ချနေစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က CanSino ကာကွယ်ဆေး၏ တတိယအဆင့် လက်တွေ့စမ်းသပ်မှုများက နိုင်ငံအတွင်း COVID-19 ရောဂါလက္ခဏာများ ကာကွယ်ရာတွင် ၇၄.၈ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ဖေဖော်ဝါရီလက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံတွင် လက်တွေ့စမ်းသပ်မှုရလဒ်များကို မျှဝေလျက် COVID-19 ကာကွယ်ဆေးက နိုင်ငံအတွင်း ရောဂါပြင်းထန်မှုကို ကာကွယ်ရာတွင် ၁၀၀ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း သက်သေပြခဲ့ကြောင်း Sultan က ပြောခဲ့သည်။

သီးခြားလွတ်လပ်သော အချက်အလက်စောင့်ကြည့်ရေးကော်မတီမှ ကြားဖြတ်လေ့လာဆန်းစစ်မှုကလည်း အဆိုပါ ကာကွယ်ဆေးသည် ရောဂါလက္ခဏာ ကာကွယ်ရာတွင် ၆၅.၇ ရာခိုင်နှုန်း၊ နိုင်ငံများစွာ၌ ရောဂါပြင်းထန်မှုကို ကာကွယ်ရာတွင် ၉၀.၉၈ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းကာကွယ်ဆေးနှင့်ပတ်သက်၍ ဘေးကင်းစိတ်ချမှုဆိုင်ရာ တစ်စုံတစ်ရာစိုးရိမ်ဖွယ် ထုတ်ပြန်ထားခြင်းမရှိကြောင်း Sultan က ပြောကြားခဲ့သည်။

လက်ရှိတွင် ပါကစ္စတန်နိုင်ငံသည် COVID-19 တတိယလှိုင်းနှင့် ရင်ဆိုင်နေရကြောင်း၊ ရောဂါတွေ့ရှိမှုနှုန်းမှာလည်း သိသိသာသာမြင့်တက်လျက်ရှိကြောင်း၊ ပါကစ္စတန် အာဏာပိုင်များကလည်း နိုင်ငံတစ်ဝန်း အများပြည်သူစုဝေးခြင်းများကို တားမြစ်ခြင်းအပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ဆက်လက်တင်းကြပ်ထားကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါဖြစ်ပွားသူ ၄,၀၈၄ ဦးရှိခဲ့ရာ သေဆုံးသူ ၁၄,၃၅၆ ဦးနှင့် ပြန်လည်ကျန်းမာလာသူ ၆၀၀,၂၇၈ ဦးအပါအဝင် စုစုပေါင်း ၆၆၃,၂၀၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၃၀ ရက်၌ ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။ (Xinhua)

——————————————–
(Chinese Version)

1st batch of CanSino COVID-19 vaccines arrives in Pakistan

ISLAMABAD, March 30 (Xinhua) — The first batch of CanSino COVID-19 vaccines that the Pakistani government purchased from China arrived here Tuesday night.
Earlier, the third phase trials of the CanSino vaccine had been conducted in Pakistan and it is the second Chinese COVID-19 vaccine that Pakistan approved for emergency use in the country.

The CanSino Biologics Inc. told Xinhua that the single-dose CanSino COVID-19 vaccine is expected to facilitate the building of immunity in the Pakistani society to help the country restore the normal functioning of society and economy.

In February, Special Assistant to the Pakistani Prime Minister on Health Faisal Sultan said that the third phase trials of the CanSino vaccine showed that it is 74.8 percent efficient in preventing symptomatic cases of COVID-19 in the country.

Sharing results of the trials in Pakistan on social media, Sultan said the COVID-19 vaccine proved 100 percent efficient at preventing severe disease in Pakistan.
Sultan further said that the interim analysis by an independent data monitoring committee also said that the vaccine showed 65.7 percent efficacy at preventing symptomatic cases and 90.98 percent at preventing severe disease in multi-country analysis, adding that the committee did not report any serious safety concerns regarding the vaccine.
Currently, Pakistan is facing a third wave of COVID-19 and the positivity rate has seen a sharp rise, forcing the Pakistani authorities to continue tightening the anti-pandemic measures including banning public gatherings across the country.

A total of 4,084 new COVID-19 cases were reported in Pakistan during the last 24 hours, taking the tally to 663,200 out of which 14,356 died and 600,278 recovered, according to the data released by the country’s health ministry on Tuesday. Enditem

1-A worker checks a container of CanSino COVID-19 vaccines at Islamabad International Airport in Islamabad, Pakistan, on March 30, 2021. The first batch of CanSino COVID-19 vaccines that the Pakistani government purchased from China arrived here Tuesday night. (Str/Xinhua)
2-3 – Workers unload CanSino COVID-19 vaccines at Islamabad International Airport in Islamabad, Pakistan, on March 30, 2021. The first batch of CanSino COVID-19 vaccines that the Pakistani government purchased from China arrived here Tuesday night. (Str/Xinhua)