Connect with us

WORLD

နိုင်ဂျာနိုင်ငံတွင် တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်စတင်

နိုင်ဂျာနိုင်ငံဝန်ကြီးချုပ် Brigi Rafini က နီယာမီမြို့၌ ၂၀၂၁ ခုနှစ် မတ် ၂၉ ရက်တွင် တရုတ်နိုင်ငံမှလှူဒါန်းသည့် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူစဉ် (ဆင်ဟွာ)

နီယာမီ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ ဝန်ကြီးချုပ် Brigi Rafini သည် Niamey General Referral ဆေးရုံတွင် တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ကာကွယ်ဆေးများနှင့် နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အား ဆောင်ရွက်မည်ဖြစ်ကြောင်း မတ်၂၉ ရက်တွင်တရားဝင်ကြေညာခဲ့သည်။

Rafini က တရုတ်နိုင်ငံ၏ ကာကွယ်ဆေးကို ၎င်းအနေဖြင့် ပထမအကြိမ် ထိုးနှံမှုခံယူပြီးသည့်နောက် နိုင်ဂျာနိုင်ငံတွင် နေထိုင်သော နိုင်ဂျာနိုင်ငံသားအားလုံးနှင့် နိုင်ဂျာနိုင်ငံသားမဟုတ်သူများအား ပြည်သူများ၏ ကျန်းမာရေးအတွက် အထူးအရေးကြီးသောကြောင့် ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်းခဲ့သည်။

“ကျွန်တော့်အနေနဲ့ ဒီရောဂါက ဘာဖြစ်နိုင်တယ်ဆိုတာသိတယ်။ပြီးတော့ လူသားတွေ အသက်အန္တရာယ်ကို ခြိမ်းခြောက်တယ်။’’ ဟု၎င်းကဆိုသည်။

ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးအခြေအနေ ရောဂါအခံရှိသည့် သက်ကြီးပိုင်းများ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ကာကွယ်ဆေးထိုးရန် ဦးစားပေးအုပ်စုများဖြစ်ကြောင်း နိုင်ဂျာ၏ ကျန်းမာရေးဝန်ကြီး Ahmed Boto ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှာ လှူဒါန်းခဲ့သော COVID-19 ကာကွယ်ဆေးများ နီယာမီမြို့သို့ မတ် ၂၁ ရက်တွင်ရောက်ရရှိခဲ့သည်။

နိုင်ဂျာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၀၀၁ ဦး၊ သေဆုံးသူ ၁၈၆ ဦးနှင့် ပြန်လည်သက်သာပျောက်ကင်းသူ ၄၅၉၀ဦးရှိကြောင်းသိရသည်။ (Xinhua)
——————————————
(English Version)
Niger launches vaccination campaign with China-donated COVID-19 vaccines
NIAMEY, March 29 (Xinhua) — Nigerien Prime Minister Brigi Rafini declared Monday the launch of the country’s vaccination campaign with China-donated COVID-19 vaccines at the Niamey General Referral Hospital.
Rafini, after receiving his first dose of the Chinese vaccines, called on “all Nigeriens and even non-Nigeriens residing in Niger to be vaccinated because it is extremely important for the health of our populations.”
“I know what it (the disease) does and also the danger it represents for the lives of humans,” he said.
Health workers, the elderly with underlying health conditions, refugees and migrants are among the priority groups to be vaccinated, said Niger’s acting Health Minister Ahmed Boto.
On March 21, a batch of China-donated COVID-19 vaccines arrived in Niamey.
Niger has reported 5,001 COVID-19 cases, including 186 deaths and 4,590 recoveries. Enditem