Connect with us

WORLD

ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ သုံးသောင်းကျော်ထိ ရှိလာ

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ Salford Royal ဆေးရုံ အပြင်ဘက်ရှိ Love NHS(National Health Service)သင်္ကေတရှေ့မှ ဖြတ်သန်းသွားလာကြသူများအား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ မေ ၇ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ၌ COVID-19 လူနာ ၆၄၉ ဦး ထပ်မံ သေဆုံးခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ်၍ သေဆုံးသူပေါင်း ၃၀,၀၇၆ ဦး အထိ ရှိလာခဲ့ကြောင်း အိမ်ရာ ၊ လူမှုအဖွဲ့အစည်း နှင့် ဒေသန္တရ အစိုးရအဖွဲ့ဝန်ကြီးဌာနဝန်ကြီး Robert Jenrick က မေ ၆ ရက်တွင် ပြောကြားခဲ့သည်။ 

၎င်းအရေအတွက်သည် ဆေးရုံများ ၊ စောင့်ရှောက်မှုဂေဟာများ နှင့် လူမှုအသိုင်းအဝိုင်းကြား အခြေအနေအားလုံး ပါဝင်ကြောင်း သိရသည်။ 

လန်ဒန်မြို့ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်အိမ်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Jenrick က သတင်းသမားများအား ပြောကြားရာ၌ မေ ၅ ရက်တွင် လူပေါင်း ၆၉,၄၆၃ ဦးကို စစ်ဆေးပေးခဲ့ခြင်းနှင့်အတူ လက်ရှိတွင် ဗြိတိန်တစ်နိုင်ငံလုံး၌ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၂၀၁,၁၀၁ ဦးထိ ရှိလာခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။  

ယင်းနေ့အစောပိုင်းတွင် ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က လွှတ်တော်အမတ်များ၏ ဝန်ကြီးချုပ်အား မေးမြန်းချက်အပေါ် လာမည့် မေ ၁၀ ရက်တွင် lockdown ပြန်လည်ဖြေလျှော့ရန် စတင်မည့် ၎င်း၏ လုပ်ငန်းအစီအစဉ်များအကြောင်းကို အသေးစိတ်ထုတ်ပြန်ပေးသွားမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ 

လာမည့် အပတ် တနင်္လာနေ့မှစတင်ကာ အချို့ lockdown ဖြေလျှော့မှုများကို လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း နှင့် မေလကုန်တွင် တစ်ရက်လျှင် လူပေါင်း ၂၀၀,၀၀၀ ကို ဓာတ်ခွဲ စစ်ဆေးသွားနိုင်ရန် ကတိပြု ပြောကြားခဲ့သည်။ 

ယခုနောက်ဆုံး ကိန်းဂဏန်းများအရ ဥရောပ၌ ဗိုင်းရပ်စ်ကြောင့် အဆိုးရွားဆုံး ထိခိုက်သော နိုင်ငံ အဖြစ် အီတလီနိုင်ငံကို ကျော်ဖြတ်ပြီးန၍  ဗြိတိန်နိုင်ငံက ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ 

Robert Jenrick က သေဆုံးသူ အရေအတွက်နှင့်ပတ်သက်၍ နိုင်ငံတကာနှင့် နှိုင်းယှဉ်မှုများ ပြုလုပ်ရန် စောလွန်းသေးကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ 

Lockdown ပြုလုပ်ထားခြင်းကို လျှော့ချရန် အစီအစဉ် နှင့် ပတ်သက်၍ “ပြည်သူတွေက စိတ်ချလုံခြုံစွာနဲ့ လုပ်ငန်းခွင် ပြန်ဝင်နိုင်ဖို့ ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးတွေ ပြန်လည် လှုပ်ရှား ဆောင်ရွက်နိုင်ဖို့ ဆိုရင် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ မနေထိုင်ခြင်း(social distancing)က အသင့်လျော်ဆုံး အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သော ဧပြီ ၃၀ ရက်တွင် ဝန်ကြီးချုပ်က ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုသည် အထွဋ်အထိပ် ရောက်ရှိလာခဲ့ကြောင်း နှင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် ရောဂါပြန့်ပွားမှုကို လျော့နည်းအောင် မည်သို့ ဆက်လက် လုပ်ဆောင်မည် ဆိုသည့် အပေါ်  ပြီးပြည့်စုံသော အစီအစဉ် တစ်ခုကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထိုအတောအတွင်း အစိုးရအဖွဲ့၏ သိပ္ပံဆိုင်ရာ အကြံပေးအဖွဲ့အကြီးအကဲ Patrick Vallance က ဗြိတိန်နိုင်ငံ အတွင်းသို့ အစောပိုင်းက ပြည်ပမှ ဝင်ရောက်လာသော COVID-19 လူနာ အများစုသည် တရုတ်နိုင်ငံကထက် ဥရောပ နိုင်ငံများမှ ပိုများကြောင်း ပြောကြားခဲ့သည်။  

“ ဗြိတိန်နိုင်ငံကို မတ်လ အစောပိုင်းမှာ နေရာပေါင်းစုံက ဗိုင်းရပ်စ်ပိုးရှိသူတွေ တော်တော်များများ ဝင်ရောက်လာခဲ့ကြပါတယ်။ အထူးသဖြင့် ရောဂါ ဖြစ်ပွားနေတဲ့ ဥရောပ နိုင်ငံတွေက ဖြစ်ကြပါတယ်။”ဟု Vallance က မေ ၅ ရက်တွင် လွှတ်တော်ဆိုင်ရာ ကျန်းမာရေး နှင့် လူမှု စောင့်ရှောက်ရေးကော်မတီသို့ ပြောကြားခဲ့သည်။ 

“ဒါကြောင့် မတ်လ အစောပိုင်းမှာ နိုင်ငံ အနှံ ဖြစ်ပွားခဲ့တဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကို ကြည့်ရင် အများဆုံး ကူးစက်မှုက အီတလီ နဲ့ စပိန် နိုင်ငံတွေက ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဗြိတိန်နိုင်ငံမှာ ရောဂါဖြစ်ပွားသူ အများစုဟာ ထင်ထားတဲ့ နေရာတွေက လာတာ မဟုတ်သလို တရုတ်နိုင်ငံက ဝင်ရောက်လာတာလည်း မဟုတ်ပါဘူး။”ဟု ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.