Connect with us

WORLD

ဥရောပစီးပွားရေးသည် ယခုနှစ်တွင် သမိုင်းဝင်ကျဆင်းနိုင်ကြောင်း ဥရောပကော်မရှင် ခန့်မှန်း

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံးချုပ်တွင် မေ ၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဥရောပကော်မရှင်အဖွဲ့ဝင် စီးပွားရေးတာဝန်ခံ Paolo Gentiloniအား တွေ့ရစဉ်(ဆင်ဟွာ)

 

ဘရပ်ဆဲလ်၊ မေ ၇ ရက်(ဆင်ဟွာ)

COVID-19ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ဥရောပတိုက်၏စီးပွားရေးသည် သမိုင်းဝင်ကျဆင်းနိုင်ကြောင်း၊  ဥရောပသမဂ္ဂ၏စီးပွားရေးသည် ၇.၅ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး ယူရိုဇုန်စီးပွားရေးသည် ၇.၇၅ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း  ဥရောပကော်မရှင်က မေ ၆ ရက်တွင် ခန့်မှန်းပြောကြားခဲ့သည်။

ဥရောပတိုက်သည် ၁၉၃၀ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားပျက်ကပ်ကာလနောက်ပိုင်း မကြုံတွေ့ခဲ့ရဖူးသော စီးပွားရေးဂယက်ရိုက်ခတ်မှုကို ကြုံတွေ့နေရပြီဖြစ်ကြောင်း ဥရောပကော်မရှင်အဖွဲ့ဝင် စီးပွားရေးတာဝန်ခံ Paolo Gentiloniက မေ ၆ ရက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘယ်လ်ဂျီယံနိုင်ငံ  ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံးချုပ်တွင် မေ ၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဥရောပကော်မရှင်အဖွဲ့ဝင် စီးပွားရေးတာဝန်ခံ Paolo Gentiloniအား တွေ့ရစဉ်(ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ  ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံးချုပ်တွင် မေ ၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဥရောပကော်မရှင်အဖွဲ့ဝင် စီးပွားရေးတာဝန်ခံ Paolo Gentiloniအား တွေ့ရစဉ်(ဆင်ဟွာ)

ဥရောပကော်မရှင်၏ ကြိုတင်ခန့်မှန်းချက်များအရ ကပ်ဘေးကြောင့် စီးပွါးရေးထိခိုက်မှု အဆိုးဆုံးခံရမည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံမှာ ဂရိနိုင်ငံဖြစ်ပြီး ယခုနှစ်အတွင်း စီးပွားရေးသည် ၉.၇၅ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ၊ ပိုလန်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ၄.၂၅ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် ဥရောပစီးပွားရေးသည် ကျဆင်းရာမှ ပြန်လည်တိုးတက်လာမည်ဟု မျှော်လင့်ရကာ လာမည့်နှစ်တွင် ဥရောပသမဂ္ဂ၏စီးပွားရေးသည် ၆ ရာခိုင်နှုန်းတိုးတက်လာမည်ဖြစ်ပြီး ယူရိုဇုန်စီးပွားရေးသည် ၆.၂၅ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ဥရောပကော်မရှင်က ခန့်မှန်းထားကြောင်း သိရသည်။ ယူရိုဇုန်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံထဲမှ ၁၉ နိုင်ငံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂနှင့် ယူရိုဇုန်တွင် ယခုနှစ်အတွင်း အလုပ်လက်မဲ့ဖြစ်ပွါးမှုရာခိုင်နှုန်းသည် ၉ ရာခိုင်နှုန်းမှ ၉.၅ ရာခိုင်နှုန်းအထိ အသီးသီးမြင့်တက်သွားနိုင်ပြီး ၂၀၂၁ ခုနှစ်တွင် ၈ ရာခိုင်နှုန်းမှ  ၈.၅ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းသွားနိုင်ကြောင်း သိရသည်။

ကပ်ရောဂါ အနာဂတ်အခြေအနေသည် တိကျသေချာမှုမရှိဖြစ်နေခြင်းကြောင့် ယခုကြိုတင်ခန့်မှန်းချက်သည် ပြီးခဲ့သောနှစ်များနှင့်နှိုင်းယှဉ်ပါက အပြောင်းအလဲဖြစ်နိုင်ကြောင်း၊ ကပ်ရောဂါအခြေအနေသည် ခန့်မှန်းကာလထက် ကျော်လွန်ခဲ့ပါက စီးပွားရေးကျဆင်းမှုလက်တွေ့အခြေအနေသည် ပို၍ဆိုးဝါးနိုင်ကြောင်း  ဥရောပကော်မရှင်က အလေးထားပြောကြားခဲ့သည်။ (Xinhua)