WORLD
အီတလီနိုင်ငံတွင် COVID-19 ရောဂါ ကုသပျောက်ကင်းသွားသူ ၁၂၉,၄၀၁ ဦးရှိ

ရောမ၊ မေ ၂၀ ရက်(ဆင်ဟွာ)
အီတလီနိုင်ငံတွင် မေ ၁၉ ရက်က COVID-19 ကူးစက်ခံရသူ ၈၁၃ ဦးရှိပြီး စုစုပေါင်း အတည်ပြုလူနာ ၂၂၆,၆၉၉ ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ ၁၆၂ ဦးနှင့် စုစုပေါင်းသေဆုံးသူ ၃၂,၁၆၉ ဦး ၊ အသစ်ထပ်တိုး ရောဂါကုသပျောက်ကင်းသွားသူ ၂,၀၇၅ ဦးနှင့် စုစုပေါင်း ရောဂါကုသပျောက်ကင်းသူ ၁၂၉,၄၀၁ ဦး အသီးသီးရှိခဲ့ကြောင်း အီတလီ မြို့ပြကာကွယ်ရေးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
အီတလီနိုင်ငံ ရောမမြို့အနီးရှိ အပန်းဖြေကမ်းခြေတစ်ခု၏မြင်ကွင်းအား မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ COVID-19 ဖြစ်ပွားသူများအနက် အိမ်တွင် သီးခြားနေထိုင်သူ ၅၄,၄၂၂ဦး ၊ ဆေးရုံတွင် သာမန်ဆေးကုသမှုခံယူနေသူ ၉,၉၉၁ ဦး ၊ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေသူ ၇၁၆ ဦး ရှိရာ ၎င်းမှာ ပြီးခဲ့သောရက်ကထက် ၂၁၆ ဦးနှင့် ၃၃ ဦး အသီးသီးလျော့နည်းသွားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)