Connect with us

WORLD

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ ကွန်ဂို(ဘရာဇာဗီးလ်)နိုင်ငံသို့ ရောက်ရှိ 

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့ မေ ၁၂ ရက်က ကွန်ဂို(ကင်ရှာဆာ)နိုင်ငံသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇာဗီးလ်၊ မေ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ စေလွှတ်သော တရုတ်ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီလက်တွဲဆောင်ရွက်ရန်အတွက် မေ ၂၃ ရက်က ကွန်ဂိုသမ္မတနိုင်ငံ မြို့တော် ဘရာဇာဗီးလ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် ကွန်ဂို(ကင်ရှာဆာ)နိုင်ငံတွင် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပြီးနောက် ရေယာဉ်ဖြင့် ကွန်ဂို(ဘရာဇာဗီးလ်)နိုင်ငံသို့ လာရောက်ခြင်းဖြစ်ရာ ကွန်ဂို(ဘရာဇာဗီးလ်)နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မာဖူလျင်နှင့်  ကွန်ဂို(ဘရာဇာဗီးလ်)နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ဆိပ်ကမ်းတွင် ကြိုဆိုခဲ့ကြသည်။ 

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် ၎င်းဒေသရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား ရောဂါစစ်ဆေးရေး၊လက်တွေ့ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေးဆိုင်ရာများကို မွမ်းမံသင်တန်းပို့ချပေးမည်ဖြစ်သည်။ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစနစ်၊ ရောဂါစစ်တမ်းကောက်ယူမှု၊ အနီးကပ်ထိတွေ့သူများအား စိစစ်၍ သီးခြားခွဲထားမှုစသည့်တို့ကို လမ်းညွှန်မိတ်ဆက်ပြောကြားပေးမည်ဖြစ်ကြောင်းနှင့် ထိုမှတဆင့် ဘရာဇာဗီးလ်ရှိ အာဖရိကဒေသ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးသို့  သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့တွင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်ရာ အသက်ရှူလမ်းကြောင်း၊ ကူးစက်ရောဂါ၊ တရုတ်-အနောက်တိုင်းဆေးပညာ ပေါင်းစပ်ကုသခြင်း၊ရောဂါစီစစ်စမ်းသပ်ခြင်း စသည့် ကဏ္ဍများမှ ကျွမ်းကျင်သူများဖြစ်ကြောင်းသိရသည်။မေ ၂၃ ရက်အထိ ကွန်ဂို(ဘရာဇာဗီးလ်)နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၄၈၇ ဦးရှိပြီး သေဆုံး ၁၆ ဦး ရှိကြောင်း သိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117