WORLD
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားသူ ၁၃ သန်းကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် ဆို

နယူးယောက်၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)
ဇူလိုင် ၁၃ ရက် အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ၁၆ နာရီ ၃၄ မိနစ်အထိ ကမ္ဘာတစ်ဝန်းတွင် COVID-19ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၃,၀၀၆,၇၆၄ ဦး ရှိပြီး သေဆုံးသူ ၅၇၀,၇၇၆ ဦးရှိကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ယင်းနေ့တွင်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၃,၃၄၆,၂၄၆ ဦးနှင့် သေဆုံးသူ ၁၃၅,၄၇၇ ဦးရှိကြောင်း၊ ယင်းနောက်တွင် ဘရာဇီးနိုင်ငံက အတည်ပြုလူနာ ၁,၈၆၄,၆၈၁ ဦး ၊ သေဆုံးသူ ၇၂,၁၀၀ ဦး ရှိကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံတွင် စုစုပေါင်း အတည်ပြုလူနာ ၈၇၈,၂၅၄ ဦး နှင့် ရုရှားနိုင်ငံတွင် ၇၃၂,၅၄၇ ဦး အသီးသီးရှိကြောင်း လည်း သိရသည်။
ထို့အပြင် အတည်ပြုလူနာအရေအတွက် ၂သိန်းခွဲကျော်သည့် နိုင်ငံများမှာ ပီရူး၊ ချီလီ၊ မက္ကဆီကို၊ ဗြိတိန်၊ တောင်အာဖရိက၊ အီရန်၊ စပိန်နှင့် ပါကစ္စတန်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။အဆိုပါကိန်းဂဏန်းများသည် ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိုရိုနာဗိုင်းရပ်စ် သုတေသ စီမံကိန်းမှ အချိန်နှင့်တစ်ပြေးညီ နိုင်ငံနှင့်ဒေသအသီးသီး၏ ကိန်းဂဏန်းများကို စုစည်းထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)