Connect with us

WORLD

စပိန်နိုင်ငံတွင် မြွေပါ  ၁ သိန်းခန့်ကို COVID-19ရောဂါကြောင့် ရှင်းလင်းသုတ်သင်လိုက်ရ

မွေးမြူရေးခြံတစ်ခုအတွင်း မွေးမြူထားသော မြွေပါများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

စပိန်နိုင်ငံ Aragon ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးခြံတစ်ခြံရှိ  မြွေပါ ၉၂,၇၀၀ ကျော်ကို သုတ်သင်ရှင်းလင်းရန် ယင်းဒေသအစိုးရက   ပြီးခဲ့သည့်ရက်တွင် အမိန့်ချခဲ့ကြောင်း သိရသည်။ 

အဆိုပါမွေးမြူရေးခြံတွင် အလုပ်သမားဝန်ထမ်း ၇ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ကို တွေ့ရှိပြီးနောက် ဒေသန္တရာ သက်ဆိုင်ရာ ဌာနများက မွေးမြူရေးခြံတွင်ရှိ မြွေပါများကို ရောဂါပိုးစစ်ဆေးမှုများပြုလုပ်ခဲ့ရာ နောက်ဆုံး စစ်ဆေးမှုအရ ၈၇ ရာခိုင်နှုန်းမှာ ရောဂါပိုးကူးစက်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။ 

မွေးမြူရေးခြံတစ်ခုအတွင်း မွေးမြူထားသော မြွေပါများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

Aragonဒေသ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သဘာဝ ပတ်ဝန်းကျင်ရေးရာဌာန အကြီးအကဲ  Joaquin Olona က အချင်းဖြစ်ပွားသည့် မွေးမြူရေးခြံရှိ အလုပ်သမားဝန်ထမ်း ၇ ဦးသည် COVID-19စစ်ဆေးမှုတွင် positiveဖြစ်နေကြောင်း ၊ သက်ဆိုင်ရာဌာနက မေ ၂၂ ရက်မှစ၍ ကြိုတင်ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် အဆိုပါ မွေးမြူရေးခြံရှိ မြွေပါများနှင့် ၎င်းတို့နှင့်ဆက်စပ်သည့်ပစ္စည်းများ ပြင်ပသို့ မရောက်ရှိအောင် တားဆီးခဲ့ပြီး ရောဂါ စစ်ဆေးမှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်း ဆိုသည်။ 

ဇူလိုင်လအတွင်း နောက်ဆုံးအကြိမ် စစ်ဆေးချက်များအရ ဓါတ်ခွဲစမ်းသပ်မှု ၉၀ ခုတွင် ၇၈ ခုက ရောဂါကူးစက်ခံထားရသည်ကို တွေ့ရှိရရာ ၎င်းမှာ ရောဂါ ကူးစက်မှု၏ ၈၇ ရာခိုင်နှုန်းဖြစ်နေကြောင်း၊ ရောဂါပိုးသည် မြွေပါများအကြားပျံ့နှံ့နေပြီဖြစ်ကြောင်း  Joaquin Olona က ဆိုသည်။ 

လက်ရှိအခြေအနေတွင် ဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ လူသို့ ကူးစက်ခြင်းလား သို့မဟုတ် လူမှ တိရစ္ဆာန်သို့ ကူးစက်ခြင်းလား ဆိုသည်မှာ အတိအကျ မပြောနိုင်သေးကြောင်း၊ ဤမသေချာသည့်အခြေအနေများကြောင့် ရောဂါပိုး လူသားများဆီသို့ ကူးစက်မည်ကို ကာကွယ်သည့်အနေဖြင့် သက်ဆိုင်ရာဌာနက မြွေပါများကို သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဆိုသည်။ 

စပိန်နိုင်ငံ Aragonဒေသတွင် ယခုရက်ပိုင်းများအတွင်း ကပ်ရောဂါအခြေအနေ တန်ပြန်ဆိုးဝါးလာကြောင်း သိရသည်။ စပိန် ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ၎င်းဒေသတွင် တစ်ရက်အတွင်း အသစ်ထပ်တိုးရောဂါကူးစက်မှုသည် ၂၅၂ ဦး ရှိရာ စပိန်နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအနက် ရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ကြောင်း ၊တစ်နိုင်ငံလုံးအတိုင်းအတာအရ ယင်းနေ့တွင် အသစ်ထပ်တိုးရောဂါကူးစက်သူ ၆၂၈ ဦး ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.