Connect with us

WORLD

COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဥရောပ သမဂ္ဂ ၏ ဒုတိယရာသီ စီးပွားရေး ဆိုးရွားစွာ ကျဆင်း

ဘရပ်ဆဲလ် မြို့ ရှိ ကုန်တိုက်တစ်ခု တွင် နှာခေါင်းစည်း တပ်၍ ဈေးဝယ်နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ဥရောပ သမဂ္ဂ ၏ ဇူလိုင် ၃၁ ရက် တွင် ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက် အရ အီးယူ နှင့် ယူရိုငွေကြေး အသုံးပြုသည့် ဒေသ များ ၏ ယခုနှစ် ဒုတိယရာသီ GDP ကျဆင်းမှု က ၁၁.၉ ရာခိုင်နှုန်း နှင့် ၁၂.၁ ရာခိုင်းနှုန်း စီကျဆင်းခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၄.၄ ရာခိုင်နှုန်း နှင့် ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ စီးပွားရေး ကျဆင်းမှု ဖြစ်ပွားခြင်းသည် ၁၉၉၅ ခုနှစ်တွင် ဥရောပ သမဂ္ဂ စာရင်းစတင်ပြုစုချိန်မှစ၍ အကြီးမားဆုံးသော စီးပွားရေး ကျဆင်းမှု ဖြစ်ကြောင်း ၊ ဥရောပ သမဂ္ဂ စာရင်းပြုစုမှု ဌာန က စီးပွားရေး ကျဆင်းခဲ့ရသည့် အကြောင်းအရင်း မှာ ကပ်ရောဂါ ဖြစ်ပွားချိန်တွင် အီးယူ အဖွဲ့ဝင် နိုင်ငံများ က တင်းကျပ်သည့် ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

စာရင်းပြုစုချက်အရ အီးယူ အဖွဲ့ဝင် နိုင်ငံများအတွင်း ယခုနှစ် ဒုတိယရာသီ GDP အဆိုးရွားဆုံး ကျဆင်းခဲ့သည့် နိုင်ငံမှာ စပိန် နိုင်ငံ ဖြစ်ပြီး ၁၈.၅ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ၊ ထို့နောက် တွင် ပေါ်တူဂီ နှင့် ပြင်သစ် နိုင်ငံ တို့ ဖြစ်ကြပြီး ၁၄.၁ ရာခိုင်နှုန်း နှင့် ၁၃.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ၊ အနည်းဆုံး ကျဆင်းခဲ့သည့် နိုင်ငံ မှာ လစ်သူယေးနီးယား နိုင်ငံ ဖြစ်ပြီး ၅.၁ ရာခိုင်နှုန်း သာ ကျဆင်း ခဲ့ကြောင်း သိရှိရသည်။  (Xinhua)