Connect with us

WORLD

COVID-19ကပ်ရောဂါကာလ ကြာမြင့်နိုင်ဖွယ်ရှိ၊ ရေရှည်တုံ့ပြန်မှုများကြိုးပမ်းဆောင်ရွက်ရန် လိုအပ်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇွန် ၂၉ ရက်က WHO အွန်လိုင်း ပုံမှန်သတင်းစာရှင်းလင်းပွဲ ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ)

COVID-19ကပ်ရောဂါသည် နိုင်ငံတကာ အာရုံစိုက်အလေးထားရသည့် ပြည်သူကျန်းမာရေးအရေးပေါ်အခြေအနေ(PHEIC)တွင် ရှိနေဆဲ ဖြစ်ရာ  ကပ်ရောဂါကာလ ဆက်လက်ကြာမြင့်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသောကြောင့် ရေရှည်တုံ့ပြန်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဩဂုတ် ၁ ရက်တွင် ကြေညာခဲ့သည်။

မေ ၁ ရက်က COVID-19 ကပ်ရောဂါကို နိုင်ငံတကာ အာရုံစိုက်အလေးထားရသည့် ပြည်သူကျန်းမာရေးအရေးပေါ်ကိစ္စအဖြစ် WHOမှ ကြေညာခဲ့သည်မှာ ယခုအခါ ၃ လကြာမြင့်လာပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများအရ WHO အရေးပေါ်ကော်မတီမှ ဇူလိုင် ၃၁ ရက်တွင် အစည်းအဝေးကျင်းပ၍ ကပ်ရောဂါလက်ရှိအခြေအနေကို ဆွေးနွေးသုံးသပ်ခြင်း၊ ကပ်ရောဂါတုံ့ပြန်ဖြေရှင်းရေး အကြံပြုချက်သစ်များ ထပ်တိုးခြင်းပြုလုပ်ခဲ့ပြီးနောက် ဩဂုတ် ၁ ရက်တွင် အစည်းအဝေး ကြေညာချက် အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇွန် ၂၉ ရက်က ပြုလုက်သော WHO အွန်လိုင်း ပုံမှန်သတင်းစာရှင်းလင်းပွဲ တွင်ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အား တွေ့ရစဉ် တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါအစည်းအဝေး ကြေညာချက်တွင် COVID-19 ကပ်ရောဂါသည် နိုင်ငံတကာ အာရုံစိုက်အလေးထားရသည့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC)အဖြစ်ရှိနေဆဲ ဖြစ်ရာ ကပ်ရောဂါကာလ ဆက်လက်ကြာမြင့်နိုင်သောကြောင့် ရပ်ရွာ၊ နိုင်ငံ၊ ဒေသ၊ ကမ္ဘာလုံးဆိုင်ရာစသည့် အလွှာအဆင့်ဆင့်တွင် တုံ့ပြန်မှုများ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်မှာ အလွန်အရေးကြီးကြောင်း အလေးထား ဖော်ပြထားသည်။ 

WHOက ကမ္ဘာလုံးဆိုင်ရာနှင့်ဒေသဆိုင်ရာ ဘက်ပေါင်းစုံအဖွဲ့အစည်းများကို ဆက်လက်စုစည်း၍ COVID-19 ရောဂါ ကာကွယ်ဖြေရှင်းရေးလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် WHOအဖွဲ့ဝင်နိုင်ငံများ၏ကျန်းမာရေးဝန်ဆောင်မှုကို အားပေးထောက်ပံ့ရန်၊ ရောဂါစိစစ်ကုသရေးနှင့်ကာကွယ်ဆေး ထုတ်လုပ်မှုများရရှိအောင် သုတေသနလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောက်ရန် အကြံပြုထားကြောင်း သိရသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း  The Access to COVID-19 Tools (ACT) Accelerator နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်တွင် ပါဝင်အားဖြည့်ကာ ရောဂါစစ်ဆေးမှု ကိရိယာ၊ ကုသရေးနည်းလမ်းနှင့်ကာကွယ်ဆေးများကို မျှတစွာ ခွဲဝေနိုင်ရေး အတွက် အတူကြိုးပမ်းဆောင်ရွက်ကြရန် ကြေညာချက်တွင် အကြံပြုဖော်ပြထားသည်။ နိုင်ငံအသီးသီးအနေဖြင့် အခက်အခဲများတွင် COVID-19 ရောဂါလူနာအား စိစစ်ရေး၊ လူနာနှင့်အနီးကပ်ထိတွေ့သူများ၏ ကျန်းမာ‌ရေးအခြေအနေကို စောင့်ကြပ်ရန် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပြီး ငွေကြေး၊ ကုန်ပစ္စည်းထောက်ပံမှုကွင်းဆက်၊ လူစွမ်းအားအရင်းအမြစ် စသည့်ကဏ္ဍများမှသည် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ရောဂါအန္တရာယ်သုံးသပ်မှုများအရ ကိုက်ညီမည့် ခရီးသွားနည်းလမ်းများနှင့်အကြံပြုချက်များကို ဆောင်ရွက်ရန်၊ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုချက်တွင် တိုက်တွန်းထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ကော်မတီ၏ အကြုံပြုချက်ကို လက်ခံခဲ့ကြောင်း သိရသည်။ ၎င်းက  ကိုဗစ်ကပ်ရောဂါသည် နှစ်တစ်ရာတွင် တစ်ကြိမ်ကြုံတွေ့ရသော ကျန်းမာရေးအကျပ်အတည်းဖြစ်ရာ သက်ရောက်မှုများ မှာ ဆယ်စုနှစ်ချီ ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.