Connect with us

WORLD

ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ ၁၈ သန်းကျော် ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ပြော

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ကက်ပီတို လွှတ်တော်အဆောက်အအုံကို ကြည့်ရှုနေသူတစ်ဦးအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

ဩဂုတ် ၂ ရက် အမေရိကန်ဒေသစံတော်ချိန် ၉ နာရီ ၃၄ မိနစ် ( ဂရင်းနစ်စံတော်ချိန် GMT ၀၁၂၄ နာရီ – ဩဂုတ် ၃ ရက်) အထိ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ကူးစက်ခံရသူပေါင်း ၁၈,၀၀၂,၅၆၇ ဦး ရှိသွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက် အရသိရသည်။

ထို့ပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ကပ်ရောဂါဖြင့် သေဆုံးသူ စုစုပေါင်း ၆၈၇,၉၃၀ ဦးထိ ရှိနေပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်း၏ ကိန်းဂဏန်းတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံသည် ကပ်ရောဂါ အဆိုးရွားဆုံးဖြစ်ပေါ်လျက်ရှိပြီး ကူးစက်ခံရသူ ၄,၆၆၅,၉၃၂ ဦး နှင့် သေဆုံးသူ ၁၅၄,၈၄၁ ဦးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ယင်းနောက်တွင် ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၂,၇၃၃,၆၇၇ ဦး နှင့် သေဆုံးသူ ၉၄,၁၀၄ ဦး ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် COVID-19 ရောဂါ လူပေါင်း ၄ သိန်းအထက် ကူးစက်ခံထားရသော နိုင်ငံများမှာ အိန္ဒိယ ၊ ရုရှား ၊ တောင်အာဖရိက ၊ မက္ကဆီကို နှင့် ပီရူးနိုင်ငံတို့ ဖြစ်ကြကြောင်း CSSE ၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။(Xinhua)