Connect with us

WORLD

ဩစတြေးလျနိုင်ငံ ပြည်ထဲရေးဝန်ကြီး COVID-19 ကူးစက်ခံရ

ဩစတြေးလျနိုင်ငံ ပြည်ထဲရေးဝန်ကြီး ပီတာ ဒတ်တန်အား တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ ပြည်ထဲရေးဝန်ကြီး ပီတာ ဒတ်တန် (Peter Dutton) တွင် COVID-19 ကူးစက်ခံရကြောင်း မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် ဆေးစစ်ချက်ရလဒ် အတည်ပြုထွက်ပေါ်လာခဲ့သည်။ 

ဒတ်တန်က “ဒီနေ့မနက် ကျွန်တော်အိပ်ရာနိုးတော့ ကိုယ်ပူနေပြီး လည်ချောင်းနာနေတယ်” ဟု ၎င်း၏ တရားဝင် တွစ်တာအကောင့်တွင် ရေးသားထားသည်။

“ကျွန်တော် ချက်ချင်းပဲ ကွင်းစ်လန်း ကျန်းမာရေးဌာနကို ဆက်သွယ်ခဲ့ပြီး နောက်တော့ COVID-19 ရောဂါအတွက် ဆေးစစ်ခဲ့တယ်။ ဆေးစစ်ချက်အဖြေကတော့ positive လို့ အဖြေထွက်ခဲ့တယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ကွင်းစ်လန်း ကျန်းမာရေးဌာနက ကျွန်တော့်ကို အကြောင်းကြားခဲ့ပါတယ်” ဟု ၎င်းက ရေးသားထားသည်။

ကွင်းစ်လန်း ကျန်းမာရေးဌာန၏ မူဝါဒအရ ဆေးစစ်ချက်အဖြေ positive ဟုထွက်ရှိသည့် မည်သူမဆို ဆေးရုံသို့ တက်ရောက်ရမည်ဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ကျန်းမာရေးဌာန၏ အကြံပြုချက်အတိုင်း လိုက်နာလျက်ရှိကြောင်း ဒတ်တန်က ဆိုသည်။

ဒတ်တန်သည် မကြာသေးမီက အမေရိကန်နိုင်ငံမှ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ တွစ်တာပေါ်တွင် ရေးသားထားချက်အရ ၎င်းသည် Five Eyes network ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုလအစောပိုင်းက ဝါရှင်တန်တွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် နယူးဇီလန် နိုင်ငံများမှ တာဝန်ရှိသူများနှင့် တေွ့ဆုံခဲ့ကြောင်း သိရသည်။ 

ဩစတြေးလျ အစိုးရ ကျန်းမာရေးဌာနက မတ် ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁:၀၀ နာရီအထိ နိုင်ငံအတွင်း သေဆုံးသူ ၃ ဦးအပါအဝင် COVID-19 ရောဂါဖြစ်ပွားသူ ၁၅၆ ဦးရှိကြောင်း အတည်ပြုထားသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.