WORLD
COVID-19 ကာကွယ်ဆေး အပြီးအစီး ထိုးနှံပြီးသူများအတွက် လမ်းညွှန်ချက် အမေရိကန် CDC ထုတ်ပြန်
ဝါရှင်တန်၊ မတ် ၉ ရက် (ဆင်ဟွာ)
COVID-19 ကာကွယ်ဆေးအပြီးအစီးထိုးနှံထားပြီးသူများအနေဖြင့် ဘေးကင်းစိတ်ချမှုရှိစွာ ပြန်လည်စတင်နိုင်မည့် ဆောင်ရွက်မှုများဆိုင်ရာ ပထမဆုံးအကြံပြုချက်များကို အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) က မတ် ၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
ကာကွယ်ဆေးအပြီးအစီးထိုးနှံပြီးသူများသည် နှာခေါင်းစည်းမတပ်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခြားလည်း နေစရာမလိုဘဲ အခြားကာကွယ်ဆေးအပြီးအစီးထိုးနှံထားသူများထံ သွားရောက်လည်ပတ်နိုင်ကြောင်း လမ်းညွှန်ချက်များအရ သိရသည်။
ထို့ပြင် ရောဂါဖြစ်ပွားမှုနည်းပါးသည့်ဒေသရှိ နေအိမ်များ၌ နေထိုင်သူများဖြစ်ပါက ကာကွယ်ဆေးအပြီးအစီးထိုးနှံထားသူများအနေဖြင့် အခြား ကာကွယ်ဆေးမထိုးရသေးသူများထံသို့ နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားရောက်လည်ပတ်နိုင်ကြောင်း CDC က ဆိုသည်။
ကာကွယ်ဆေးအပြီးအစီးထိုးနှံပြီးသူများသည် COVID-19 ရောဂါပိုးရှိသူတစ်ဦးဦးနှင့် ထိတွေ့ပြီးနောက် COVID-19 ရောဂါလက္ခဏာများ ပြသခြင်းမရှိပါက ကွာရန်တင်းဝင်ခြင်းနှင့် ရောဂါစစ်ဆေးခြင်းမှလည်း ကင်းလွတ်နိုင်ကြောင်း သိရသည်။
လူတစ်ဦးအနေဖြင့် နောက်ဆုံးကာကွယ်ဆေးထိုးနှံပြီး ရက်သတ္တပတ်နှစ်ပတ်ကြာမြင့်သူများကို ကာကွယ်ဆေးအပြီးအစီးထိုးနှံပြီးသူများအဖြစ် CDC က သတ်မှတ်ထားကြောင်း သိရသည်။“ဒီလမ်းညွှန်ချက်က ကျွန်ုပ်တို့ရပ်ရွာအတွင်းမှာ နေ့စဉ်လှုပ်ရှားမှုတွေဆီ ပြန်လည်ရောက်ရှိလာမယ့် ပထမခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု CDC က ဆိုသည်။
ကာကွယ်ဆေးအပြီးအစီး ထိုးနှံပြီးသူများအနေဖြင့် ယခုအခါ ၎င်းတို့၏ နေအိမ်များ၌ လှုပ်ရှားဆောင်ရွက်မှုအချို့ကို စတင်လုပ်ဆောင်နိုင်ပြီဖြစ်သည်။ ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် အများပြည်သူဆိုင်ရာ နေရာများ၌ရှိချိန်တွင် ဗျူဟာများအားလုံး ဆက်လက်လျှော့ပေါ့သွားမည်ဖြစ်ကြောင်း CDC ညွှန်ကြားရေးမှူး Rochelle Walensky က ပြောခဲ့သည်။
“သိပ္ပံပညာ ပြောင်းလဲလာခြင်းနှင့် ပြည်သူများ ကာကွယ်ဆေးထိုးနှံမှု များပြားလာသည်သဖြင့် ကျွန်မတို့အနေနဲ့ ကာကွယ်ဆေးအပြီးအစီးထိုးနှံ ပြီးသူများကို ဆောင်ရွက်မှုတွေ ဘေးကင်းစွာ ပြန်လည်စတင်နိုင်ဖို့ ဆက်လက် ကူညီပေးပံ့ပိုးပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
အမေရိကန်နိုင်ငံအတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) က အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားသော COVID-19 ကာကွယ်ဆေး သုံးမျိုးရှိကြောင်း သိရသည်။FDA က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ခွင့်ပြုထားသော ကာကွယ်ဆေးတစ်မျိုးကို အမေရိကန် ဆေးဝါးထုတ်လုပ်ရေး Pfizer က ဂျာမန်ကုမ္ပဏီ BioNTech နှင့် ပူးတွဲထုတ်လုပ်ထားခြင်းဖြစ်ပြီး နောက်ထပ်တစ်မျိုးမှာ အမေရိကန်ဆေးဝါးကုမ္ပဏီ Moderna က ထုတ်လုပ်ထားခြင်းဖြစ်သည်။
ထို့ပြင် Johnson & Johnson ၏ COVID-19 ကာကွယ်ဆေးကိုလည်း ဖေဖော်ဝါရီ ၂၇ ရက်က ခွင့်ပြုခဲ့ပြီး အဆိုပါ ကာကွယ်ဆေးမှာ အမေရိကန်နိုင်ငံတွင် ခွင့်ပြုထားသည့် ဆေးတစ်လုံးတည်းသူထိုးနှံရသော ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် မဖြေလျှော့မီ လူဦးရေအမြောက်အများ ကာကွယ်ဆေးအပြီးအစီးထိုးနှံပြီးရန်လိုအပ်ကြောင်း၊ ယင်းမတိုင်မီ ကာကွယ်ဆေးမထိုးနှံရသေးသူများစွာကို ကာကွယ်ရန် ပြည်သူ့ကျန်းမာရေးဆောင်ရွက်ချက်များကို ဆက်လက်လိုက်နာရန်မှာ အရေးကြီးကြောင်း CDC က ပြောခဲ့သည်။
အမေရိကန်နိုင်ငံတွင် မတ် ၈ ရက်အထိ ကာကွယ်ဆေး ၁၁၆ သန်းကျော် ဖြန့်ဖြူးပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ၉၂ သန်းကျော် ထိုးနှံပြီးဖြစ်ကြောင်း CDC ၏ နောက်ဆုံးရအချက်အလက်အရ သိရသည်။အမေရိကန်နိုင်ငံ လူဦးရေ၏ ၉. ၂ ရာခိုင်နှုန်းသာ COVID-19 ကာကွယ်ဆေး အပြီးအစီးထိုးနှံထားပြီးဖြစ်ကြောင်း CDC က ခန့်မှန်းထားသည်။ (Xinhua)
———————————————-
(English Version)
U.S. CDC unveils guidance for people fully vaccinated against COVID-19
WASHINGTON, March 8 (Xinhua) — The U.S. Centers for Disease Control and Prevention (CDC) issued on Monday its first set of recommendations on activities that people who are fully vaccinated against COVID-19 can safely resume.
Fully vaccinated people can visit other fully vaccinated people indoors without wearing masks or staying 6 feet apart, according to the guidelines.
Fully vaccinated people can visit unvaccinated people from one other household indoors without wearing masks or staying 6 feet apart if everyone in the other household is at low risk for severe disease, said the CDC.
Meanwhile, fully vaccinated people can refrain from quarantine and testing if they do not have symptoms of COVID-19 after contact with someone who has COVID-19.
The CDC defines people who are fully vaccinated as those who are two weeks after receiving the last required dose of vaccine.
“This guidance represents a first step toward returning to everyday activities in our communities,” said the CDC.
There are some activities that fully vaccinated people can begin to resume now in their own homes. Everyone — even those who are vaccinated — should continue with all mitigation strategies when in public settings, said CDC Director Rochelle Walensky.
“As the science evolves and more people get vaccinated, we will continue to provide more guidance to help fully vaccinated people safely resume more activities,” she said.
There are three COVID-19 vaccines currently authorized for emergency use in the United States by the U.S. Food and Drug Administration (FDA).
The FDA authorized the one developed by American drugmaker Pfizer in partnership with German company BioNTech, and another by American drugmaker Moderna, in December last year.
Johnson & Johnson’s COVID-19 vaccine was approved for emergency use on Feb. 27. It is the first single-dose vaccine authorized in the United States.
The vast majority of people need to be fully vaccinated before COVID-19 precautions can be lifted broadly. Until then, it is important that everyone continues to adhere to public health mitigation measures to protect the large number of people who remain unvaccinated, said the CDC.
Over 116 million vaccine doses have been distributed across the United States as of Monday, and more than 92 million doses have been administered, according to the latest CDC data.
Just 9.2 percent of the U.S. population has been fully vaccinated with a COVID-19 vaccine, the CDC estimated. Enditem
A resident receives a dose of COVID-19 vaccine in Pasadena, Los Angeles County, California, the United States, Jan. 15, 2021. (Xinhua)