Connect with us

WORLD

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၈)ဦး သေဆုံးရခြင်းမှာ ကာကွယ်ဆေးထိုးနှံမှုနှင့် မသက်ဆိုင်ဟု ကနဦးလေ့လာချက်များတွေ့ရှိ

တောင်ကိုရီးယားနိုင်ငံ Gwangjuမြို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံသည့်နေရာတွင် ကာကွယ်ဆေးအား အမှတ်အသားလုပ်နေသည်ကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၉ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၈)ဦး သေဆုံးရခြင်းမှာ ကာကွယ်ဆေးထိုးနှံမှုကြောင့် မဟုတ်ဟု ကနဦးလေ့လာစစ်ဆေးချက် များတွင် ဖော်ပြခဲ့ကြောင်း တောင်ကိုရီးယား ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ(KDCA) က မတ် ၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ လကုန်ပိုင်းမှစ၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့ရာ ယခုလ ၇ ရက်တွင် လူပေါင်း (၃၁၀,၀၀၀)ကျော် ကာကွယ်ဆေး ပထမ တစ်လုံး ထိုးနှံနိုင်ခဲ့သည်။ သေဆုံးသူ (၈)ဦးမှာ ရောဂါခံရှိသူများဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးနောက် ဓာတ်မတည့်သည့်လက္ခဏာ ပြင်းထန်စွာမရှိခဲ့ကြောင်း ရောဂါစီမံထိန်းချုပ်ရေးဌာနက ဆိုသည်။ ၎င်းတို့အနက် သေဆုံးသွားသူ (၄)ဦး၏ ရုပ်အလောင်းကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဌာန၏ စစ်ဆေးလေ့လာချက်များအရ သေဆုံးသွားသူ(၈)ဦးမှာ ကာကွယ်ဆေးထိုးနှံမှုကြောင့် ဖြစ်သည်ဟူသော သက်သေအထောက်အထား မရှိကြောင်း တောင်ကိုရီးယား ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ(KDCA)၏အကြီးအကဲ Jung Eun-kyeong မတ် ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “သူတို့ရဲ့သေဆုံးမှုက ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက်ဖြစ်တဲ့ လက္ခဏာနဲ့ ဘယ်လိုသက်ဆိုင်မှုရှိတယ်ဆိုတာ ယတိပြတ်ပြောရခက်တယ်”ဟု ဆိုသည်။

တောင်ကိုရီးယားတွင် လက်ရှိအသုံးပြုနေသည့် ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးရှိရာ အောက်စ်ဖိုဒ် တက္ကသိုလ်နှင့် ပူးတွဲသုတေသနပြုထုတ်လုပ်သည့် AstraZeneca ကာကွယ်ဆေးနှင့် Pfizer- BioNTech ကာကွယ်ဆေးတို့ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ယခုနှစ် စက်တင်ဘာလတွင် လူပေါင်း (၃၂)သန်းမှ (၃၆)သန်း၊ လူဦးရေးအားဖြင့် (၆၀)ရာခိုင်နှုန်းမှ (၇၀)ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးနှံပေးရန် ၊ ယခုနှစ် နိုဝင်ဘာလတွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း အလုံးစုံပြီးမြောက်ကာ လူထုကိုယ်ခံအားစနစ်တည်ဆောက်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)
———————————————-
(Chinese Version)
韩国初步调查认为8名新冠疫苗接种者死亡与接种无关
2021-03-09 09:58:31
新华社北京3月9日电(记者杜鹃)韩国疾病管理厅8日证实,初步调查结果显示,8名新冠疫苗接种者死亡与接种疫苗本身不存在因果关系。
韩国2月下旬启动新冠疫苗接种,截至本月7日超过31万人接种第一剂。
  疾病管理厅方面说,8名死者生前有基础疾病、接种疫苗后都未出现严重过敏反应。调查人员正在对其中4名死者尸检。
疾病管理厅厅长郑银敬8日在记者会上说,卫生部门调查结果显示,没有证据表明接种疫苗导致这8人死亡。“难以判定他们的死亡与接种疫苗后出现的不良反应有任何关系。”
  韩国目前使用的两款新冠疫苗分别为英国阿斯利康制药公司与牛津大学联合研发的疫苗以及美国辉瑞制药有限公司和德国生物新技术公司联合研发的疫苗。韩国希望到今年9月为3200万至3600万人接种疫苗,约占总人口的60%至70%;到今年11月实现“群体免疫”。

  2月26日,医务人员在韩国光州市一家疫苗接种点标记使用过的疫苗。(新华社/纽西斯通讯社)