Connect with us

WORLD

အားလပ်ရက် လူစုလူဝေးများ၊ COVID-19 ကြောင့် စိတ်ကျန်းမာရေး ထိခိုက်မှုများအတွက် WHO သတိပေး

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ Grand Place အား တွေ့ရစဉ် (ဆင်ဟွာ)

ကိုပင်ဟေဂင်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဥရောပတစ်ခွင် COVID-19 ကူးစက်မှုများ တိုးမြင့်လာသဖြင့် အားလပ်ရက်ရာသီ အလေ့အထနှင့် စိတ်ကျန်းမာရေး ထိခိုက်မှုများ မြင့်တက်လာခြင်းများက အဓိက သတိပြုဖွယ်ရာများဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဥရောပဆိုင်ရာ ဒေသတွင်း ညွှန်ကြားရေးမှူး Hans Kluge က ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ယခုနှစ်တွင် ဥရောပ၌ COVID-19 ဖြစ်ပွားမှု ၂၃ သန်းနီးပါးအထိ ရောက်ရှိလာကာ သေဆုံးသူအရေအတွက် သန်းတစ်ဝက်ကျော်ရှိလာခဲ့ပြီဖြစ်ပြီး ဒေသအတွင်း နေထိုင်သူများအနေဖြင့် နေအိမ်၌ပင် နေထိုင်ကြရန် ၎င်းက မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Canary Wharf နှင့် Tower Bridge တို့ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကပ်ရောဂါကြောင့် လက်ရှိဖြစ်ပေါ်လျက်ရှိသော လူသားတို့၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု မြင့်တက်လာခြင်းက” ဥရောပဒေသအပေါ် ဆုံးရှုံးမှုဖြစ်စေကြောင်း Kluge က ဆိုသည်။

“ဗိုင်းရပ်စ် ကူးစက်မှုအပေါ် စိုးရိမ်မှု၊ အသွားအလာကန့်သတ်မှုတွေနဲ့ တစ်ကိုယ်ရေ သီးခြားနေထိုင်ရတာတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ၊ အလုပ်လက်မဲ့ဖြစ်မှု၊ ငွေကြေးအတွက် စိုးရိမ်ပူပန်မှုတွေနဲ့ လူမှုရေးဆိုင်ရာဖယ်ကျဉ်ခံရမှုတွေရဲ့ အကျိုးဆက်တွေကြောင့် ကပ်ရောဂါရဲ့ စိတ်ကျန်းမာရေး သက်ရောက်မှုက ကာလရှည်ပြီး အနှံ့အပြားဖြစ်ပေါ်နိုင်ပါတယ်” ဟုပြောကြားခဲ့သည်။

စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ကြီးမားခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ထပ်မံပြောကြားရာတွင် ဒေသတွင်း အမျိုးသားအဆင့် စစ်တမ်းကောက်ယူမှုများအရ အရွယ်ရောက်ပြီးသူ သုံးပုံတစ်ပုံ သို့မဟုတ် ပိုမိုများပြားသောပမာဏ၊ လူငယ် နှစ်ဦးလျှင် တစ်ဦး (အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား) ၊ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၂၀ ရာခိုင်နှုန်းတို့သည် ကပ်ရောဂါကြောင့် စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျမှုများ ခံစားရလျက်ရှိကြောင်း Kluge က ကိုးကားပြောကြားခဲ့သည်။

ထို့ပြင် လာမည့်လများအတွင်း ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင်သည့်အတွက် ဥရောပတစ်ခွင် ဆောင်ရွက်မှုများ လုပ်ဆောင်ရန် Kluge က တိုက်တွန်းခဲ့သည်။

“အကျပ်အတည်းတွေ မြင့်တက်လာတာနဲ့အမျှ ခိုင်မာတဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်ရေး ဝန်ဆောင်မှုများ အထူးသဖြင့် လူထုအတွက် စောင့်ရှောက်မှုတွေ ဆောင်ကြဉ်းပေးခြင်း သို့မဟုတ် အရေးပါသော အကူအညီရရှိနိုင်ရန် ဒီဂျစ်တယ်စောင့်ရှောက်မှုကို အကျိုးရှိရှိအသုံးချပြီး အတားအဆီးများကို လျှော့ချပေးခြင်း စတာတွေမှာ ရင်းနှီးမြှုပ်နှံရေးအတွက် စုပေါင်းအားထုတ်လုပ်ဆောင်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်း၏ တစ်ဦးတည်းအနေဖြင့် ဖွင့်ဟဝန်ခံရပါက ၎င်း၏ မိသားစုနှင့် ဝေးကွာလျက် အားလပ်ရက်သီးခြားကုန်ဆုံးရန် “ခက်ခဲတဲ့ ဆုံးဖြတ်ချက်”ကို ချခဲ့ကြောင်း၊ “ဒါမှသာ နောက်နှစ်မှာ ကျွန်တော်တို့ အတူတကွ ရှိနေဖို့ မျှော်လင့်နိုင်မယ်” ဟု WHO တာဝန်ရှိသူ Kluge က ပြောခဲ့သည်။

“၂၀၂၁ ခုနှစ် နှစ်သစ်အတွက် ကျွန်တော့်ဆန္ဒကတော့ ကျွန်တော်တို့ တစ်ဦးတစ်ယောက်စီတိုင်း၊ ပြီးတော့ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းအတွက် ဘေးကင်းပြီး ပိုကျန်းမာစေဖို့ပါပဲ။ မကြုံစဖူး တွေ့ကြုံခဲ့ရတဲ့ အချိန်ကာလတွေကို ပြန်ကြည့်လိုက်တဲ့အခါမှာ လိုအပ်နေသူတွေကို ကာကွယ်ဖို့ မျှဝေမှုရှိတဲ့ လူသားမျိုးနွယ်စိတ်ဓာတ်နဲ့ ဆောင်ရွက်ခဲ့တယ်လို့ ကျွန်တော်တို့အားလုံးခံစားရမယ်လို့ မျှော်လင့်ပါတယ်” ဟုပြောကြားခဲ့သည်။
………………………………………
(English Version)
WHO warns against holiday gatherings, mental health crisis due to COVID-19
Source: Xinhua| 2020-12-18 21:53:46|Editor: huaxia
COPENHAGEN, Dec. 18 (Xinhua) — As COVID-19 infections grow across Europe, holiday season etiquette and the rising mental health crisis were the major takeaways from a press statement from the World Health Organization (WHO) Regional Director for Europe Hans Kluge on Friday.
Highlighting close to 23 million cases and more than half a million lost lives in Europe due to COVID-19 during the year, the WHO regional director sought to appeal to the region’s population to stay home.
In addressing the ongoing human psychological toll of the pandemic, Kluge said “a growing mental health crisis” had been inflicted upon the European region.
“From anxieties around virus transmission, the psychological impact of lockdowns and self-isolation, to the effects of unemployment, financial worries, and social exclusion, the mental health impact of the pandemic will be long-term and far-reaching.”
Further elaborating on the devastating psychological impact, Kluge cited national surveys in the region which had revealed that a third or more of adults, one in two young people (18 to 29-year-olds) and up to 20 percent of health care workers were already subject to anxiety and depression because of the pandemic.
As even larger numbers are expected to face severe mental health challenges in the coming months, Kluge made a call for action across the European region.
“In acknowledgment of the growing crisis, I am calling for concerted action to invest in stronger mental health care services, particularly those that bring care to the community or utilize digital care to reduce obstacles to vital assistance,” he said.
The WHO official also made a personal admission that he had made the “difficult decision” to spend the holidays apart from his family so that “next year we can hope to be together again.”
“My wish for 2021 is for each and every one of us, and our communities, to be safe and healthier… When we look back at these unprecedented times, I hope we all felt we acted with a spirit of shared humanity to protect those in need.” Enditem
1-The Grand Place is seen in Brussels, Belgium, Nov. 13, 2020. (Xinhua/Zheng Huansong)
2-Photo taken on Dec. 16, 2020 shows a general view of Canary Wharf and Tower Bridge at sunrise in London, Britain. (Photo by Tim Ireland/Xinhua)