Connect with us

WORLD

ရိုမေးနီးယား နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေးအသစ် စတင်ထိုးနှံပေးမည့် အစီအစဉ် လုပ်ငန်းများ စတင်ပြင်ဆင်

ရိုမေးနီးယားနိုင်ငံမြို့တော် ဘူခါရက်စ်တွင် ရဲဝန်ထမ်းတစ်ဦး က နှာခေါင်းစည်းမတပ်သူများအား လိုက်လံစစ်ဆေးနေစဉ်(ဆင်ဟွာ)

ဘူခါရက်စ် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး
ရိုမေးနီးယားနိုင်ငံသမ္မတ Klaus Iohannis က ဒီဇင်ဘာ ၁၈ ရက်၌ မြို့တော် ဘူခါရက်စ် ရှိ COVID-19 ရောဂါ ကာကွယ်ဆေးအသစ် သိုလှောင်ရေးစင်တာသို့သွားရောက်စဉ်အတွင်း ယခုနှစ် ခရစ္စမတ်အပြီးတွင် ရိုမေးနီးယားနိုင်ငံ အနေဖြင့် အခြား အီးယူ အဖွဲ့ဝင်နိုင်ငံများနှင့်အတူတကွ ပထမအသုတ် COVID-19 ရောဂါ ကာကွယ်ဆေးအသစ်ထိုးနှံခြင်းလုပ်ငန်းကို စတင်သွားမည်ဖြစ်ပြီး ပြင်ဆင်‌ရေးလုပ်ငန်းများ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

Klaus Iohannis က ပထမအသုတ် COVID-19 ရောဂါ ကာကွယ်ဆေးအသစ် အခုရေ တစ်သောင်းသည် ခရစ္စမတ် အပြီးတွင် ဘူခါရက်စ်သို့ရောက်ရှိမည်ဖြစ်ပြီး လာမည်နှစ် ဇန်နဝါရီလ မှ စတင်၍ တစ်ပတ်လျှင်အနည်းဆုံး ကာကွယ်ဆေး အခုရေပေါင်း တစ်သိန်း ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ COVID-19 ရောဂါကာကွယ်ဆေးအသစ် ထိုးနှံခြင်းသည် မိမိဆန္ဒအလျောက်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်သော်လည်း ပြည်သူလူထုများအနေဖြင့် ကာကွယ်ဆေးလာရောက် ထိုးနှံကြရန် အကြံပြုကြောင်း ၊ ရိုမေးနီးယား နိုင်ငံအနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးသစ် အမျိုးမျိုးကို ရရှိမည်ဖြစ်ပြီး လက်ခံရရှိလာသည့် COVID-19 ရောဂါ ကာကွယ်ဆေးအသစ်များသည် ဥရောပ၏ သြဇာအာဏာ အကြီးမားဆုံးသော အဖွဲ့အစည်း၏ အတည်ပြုချက် ရရှိပြီးမှ အသုံးပြုမည်ဖြစ်ကာ အားလုံးမှာ ထိရောက်ပြီးလုံခြုံသော COVID-19 ရောဂါ ကာကွယ်ဆေးအသစ်များ ဖြစ်ကြကြောင်း ပြောကြားခဲ့သည်။

ရိုမေးနီးယားနိုင်ငံ COVID-19 ရောဂါ ကာကွယ်ဆေးအသစ် သိုလှောင်ရေးစင်တာကို Cantacuzino ဆေးပညာသုတေသနဌာနတွင် ထားရှိပြီး COVID-19 ရောဂါ ကာကွယ်ဆေးအသစ် ထိုးနှံပေးသည့် လုပ်ငန်းစဉ်ကိုလည်း ယင်းစင်တာတွင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရိုမေးနီးယားနိုင်ငံ COVID-19 ရောဂါ ကာကွယ်ဆေးအသစ် ထိုးနှံပေးခြင်း မဟာဗျူဟာအရ ရိုမေးနီးယားနိုင်ငံတွင် အဆင့်များခွဲ၍ ကာကွယ်ဆေး ထိုးနှံပေးသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမဆုံး ကာကွယ်ဆေး ထိုးနှံပေးမည့်သူများမှာ ရှေ့တန်းတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများဖြစ်ကြကြောင်း ၊ နောက်ပိုင်းတွင် အန္တရာယ်များသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်ဆောင်ရွက်နေသူများကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ပြီး လာမည့်နှစ်နွေဦးကာလတွင် ပြည်သူလူထုအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းသည် မိမိ သဘောဆန္ဒအရ လုပ်ဆောင်ရသည့် အလုပ်ဖြစ်ပြီး အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ရိုမေးနီးယားနိုင်ငံ အစိုးရ၏ ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၅,၃၄၀ ဦး ရှိခဲ့ပြီး COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၁၈၈ ဦး ရှိကြောင်း ၊ လက်ရှိချိန်တွင် ရိုမေးနီးယားနိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၅၈၂,၇၈၆ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၄,၁၅၇ ဦးရှိခဲ့ကာ လက်ရှိချိန်တွင် ရောဂါဝေဒနာပြင်းထန်စွာခံစားနေရသည့်လူနာ ၁,၂၇၀ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)

———————————-

(Chinese Version)
(国际疫情)罗马尼亚新冠疫苗接种准备工作就绪
2020-12-19 10:21:00 分类: 医药卫生
  新华社布加勒斯特12月18日电(记者林惠芬)罗马尼亚总统约翰尼斯18日视察位于首都布加勒斯特的新冠疫苗储存中心时说,今年圣诞节后罗将与其他欧盟成员国同时开始首批疫苗接种,准备工作如今一切就绪。
  约翰尼斯说,首批一万剂新冠疫苗将于圣诞节后运抵布加勒斯特,从明年1月起,罗每周将至少接收10万剂疫苗。他指出,尽管新冠疫苗接种是自愿的,但建议民众尽可能接种;罗将获得多种新冠疫苗,所有疫苗都需经过欧洲最高权威机构认证,都是有效和安全的。
  罗马尼亚新冠疫苗储存中心设在坎塔库济诺医学开发研究所内,该中心同时也是新冠疫苗接种点之一。
  根据罗新冠疫苗接种战略,该国将分阶段进行疫苗接种,一线医务工作者将第一批接种,随后是高风险人群,明年春季将开始面向大众。疫苗接种是自愿和免费的。
罗18日公布的疫情统计数据显示,过去24小时罗新增新冠确诊病例5340例,新增死亡病例188例;累计确诊病例582786例,累计死亡病例14157例,现有重症病例1270例。(完)

Photo
新华社照片,布加勒斯特,2020年8月6日
(国际疫情)(1)布加勒斯特要求居民在人员密集的户外场所佩戴口罩
8月5日,在罗马尼亚布加勒斯特,一名警察在老城区检查。
为防止新冠病毒进一步传播,布加勒斯特市政府要求居民在老城区、集市、车站等人员密集的户外场所也必须佩戴口罩。
新华社发(彼得雷斯库摄)