Connect with us

WORLD

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19ရောဂါကြောင့် သေဆုံးသူ ၃,၅၀၀ ကျော် ရှိလာ

ဒါကာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၄ နာရီအတွင်း အသစ်ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၂,၉၉၅ ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ ၄၂ ဦးရှိလာရာ စုစုပေါင်း အတည်ပြုလူနာ ၂၆၆,၄၉၈ ဦး ၊ သေဆုံးသူ ၃,၅၁၃ ဦး ရှိပြီး အသစ်ထပ်တိုး ရောဂါ ပျောက်ကင်းသူ ၁,၁၁၇ ဦး နှင့် စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၁၅၃,၀၈၉ ဦး အသီးသီး ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည့် ကိန်းဂဏန်းများအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်တွင် မတ် လဆန်းက ပထမဆုံး ကိုဗစ် အတည်ပြုလူနာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂ ရက်တွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၄,၀၁၉ ဦး ရှိခဲ့ရာ ကပ်ရောဂါဖြစ်ပွားပြီးနောက် တစ်ရက်အတွင်း ကူးစက်သူ အများဆုံးမှတ်တမ်း တင်ခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် နေ့စဉ်အသစ်ထပ်တိုးအတည်ပြုလူနာ အရေအတွက် အနည်းငယ်ကျဆင်းခဲ့ပြီး ယခုကာလများတွင် ၃,၀၀၀ အောက်တွင် ရှိနေကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဧပြီ လကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက ရောဂါကာကွယ်ထိန်းချုပ်ရေးများကို တစ်စစီဖြေလျှော့ပေးခဲ့ပြီး စက်ရုံနှင့်ဆိုင်ခန်းများကို ကပ်ရောဂါကာကွယ်ရေး သတ်မှတ်ချက်များ နှင့်အညီ ပြန်လည်လည်ပတ်ခွင့် ပြုပေးခဲ့သည်။ လက်ရှိ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းကို  ဩဂုတ် ၃၁ ရက်အထိ ဆက်လက်ထားရှိ ဆောင်ရွက်မည်ဖြစ်ကြောင်း ယခုရက်ပိုင်း ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ကြေညာချက်အရ သိရသည်။ ထိုနည်းလမ်းတွင် နေ့စဉ် ည ၈ နာရီမတိုင်မီ ဆိုင်ခန်းများ ပိတ်သိမ်းရန်၊ အပြင်ထွက်ရာတွင် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေတပ်ရန် ၊ လူမှုဘဝတွင် ခပ်ခွာခွာနေရန်၊ အထူးအကြောင်းကိစ္စမရှိပါက ပြည်သူအများအနေဖြင့် နေ့စဉ် ည ၁၀ နာရီမှ နောက်တစ်နေ့ မနက် ၅ နာရီအထိ နေအိမ်အတွင်းသာ နေထိုင်ရန်တို့ ပါဝင်ကြောင်း သိရသည်။ ကပ်ရောဂါဖြစ်ပွားမှု အခြေအနေအရ မြို့များကို အနီရောင်၊ အဝါရောင်နှင့် အစိမ်းရောင်ဟူ၍ ပိုင်းခြား စီမံထားပြီး အခြေအနေဆိုးဝါးသည့် အနီရောင်ဒေသကို ကာကွယ်ထိန်းချုပ်ရေးအစီအမံများ တင်းကြပ်စွာ ချမှတ်ထားကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.