Connect with us

WORLD

ဗြိတိန် နိုင်ငံ ရှိ အစားအသောက် ထုတ်လုပ်သည့် စက်ရုံ တစ်ခု တွင် ဝန်ထမ်းပေါင်း ၃၀၀ ခန့် COVID-19 ရောဂါ ကူးစက်ခံရ

ဗြိတိန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားစဉ် အတွင်း အမျိုးသားတစ်ဦး က နှာခေါင်းစည်း တပ်၍ သွားလာနေစဉ်(ဆင်ဟွာ)

လန်ဒန် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ Brackley မြို့ ကျန်းမာရေး ဆိုင်ရာ အရာ ရှိ ၏ အတည်ပြုချက် အရ ၎င်း မြို့ ရှိ အစားအသောက်ထုတ်လုပ်သည့် စက်ရုံ တစ်ခု တွင် ဝန်ထမ်းပေါင်း ၃၀၀ ခန့် COVID-19 ရောဂါ ကူးစက်ခံရကြောင်း ဗြိတိန် နိုင်ငံ သတင်းမီဒီယာ ၏ သြဂုတ် ၁၃ ရက် ဖော်ပြချက် အရ သိရှိရသည်။

အစားအသောက် ထုတ်လုပ်သည့် စက်ရုံ အား ပိုင်ဆိုင်သည့် Greencore ကုမ္ပဏီ က သြဂုတ် ၁၃ ရက် ၌ ု ထုတ်ပြန်ခဲ့သော ကြေညာချက် တွင် အဆိုပါ ဝန်ထမ်းများ အနေဖြင့် COVID-19 ရောဂါ ကူးစက်ခံရသည် ကို အတည်ပြုကြောင်း ၊ လက်ရှိချိန်တွင် ယင်းဝန်ထမ်း များက နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်နေကြောင်း ပါဝင် ခဲ့သည်။

Greencore ကုမ္ပဏီ က လက်ရှိအချိန် တွင် ကျန်းမာရေး ဝန်ကြီးဌာန နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီး လက်ရှိအခြေအနေ ကို ရင်ဆိုင်နေကြောင်း ၊ လက်ရှိချိန် တွင် ကုမ္ပဏီ အတွင်းရှိ နေရာ အားလုံး တွင် လူတစ်ဦး နှင့် တစ်ဦး အကြား လုံခြုံသည့် အကွာအဝေး တွင် နေထိုင်စေပြီး တင်းကျပ်သည့် ကိုယ်အပူချိန်တိုင်းခြင်း နှင့် ပိုးသတ်ခြင်း တို့ကို ဆောင်ရွက်နေကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

COVID-19 ရောဂါ ပြန့်ပွားမှု အား ထိန်းချုပ် နိုင်ရန် အတွက် ဗြိတိန် နိုင်ငံ အစိုးရ က သြဂုတ် ၁ ရက် တွင် ကန့်သတ်မှုများအား ဖြေလျှော့မည့် အစီအစဉ် အား ဇူလိုင် ၃၁ ရက် ၌ ရပ်ဆိုင်းခဲ့သည်။ ဗြိတိန် နိုင်ငံ ရှိ အချို့မြို့ များက ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် တင်းကျပ်သည့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကန့်သတ်မှုများ ကို ပြန်လည် ဆောင်ရွက်ခဲ့သည်။

ဗြိတိန် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က သြဂုတ် ၁၃ ရက် ၌ နိုင်ငံအတွင်း အချို့ ဒေသများတွင် COVID-19 ရောဂါ ခြေရာခံမှု ဆိုင်ရာ မိုဘိုင်း App အသစ် ကို စမ်းသပ် အသုံးပြုသွားပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု စွမ်းရည် ကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ၊ COVID-19 ရောဂါ ရှိသူ နှင့် ထိတွေ့မှု ရှိခဲ့သည့် ပြည်သူလူထု တို့ အား အချိန်မီ အကြောင်းကြား၍ သီးသန့်ခွဲခြားနေထိုင်စေပြီး သက်ဆိုင်ရာ ဌာန တို့မှ COVID-19 ရောဂါ စစ်ဆေးပေးရန် ဆက်သွယ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။  (Xinhua)