Connect with us

WORLD

ဘရာဇီး နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃.၄ သန်းကျော် အထိ ရောက်ရှိလာ 

ဘရာဇီး နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ပြည်သူများ နှာခေါင်းစည်း တပ်၍ သွားလာလှုပ်ရှားနေသည်ကိုတွေ့မြင်ရပုံ (ဆင်ဟွာ)

ဆော်ပေါ်လို ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ တွင် သြဂုတ် ၁၈ ရက် ၌ COVID-19 ရောဂါ ကူးစက် ခံရသူ ၄၇,၇၈၄  ဦး တိုးမြင့် ခဲ့သဖြင့် ယခုအခါ စုစုပေါင်း ကူးစက်ခံရသူ  ၃,၄၀၇,၃၅၄ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ကြောင့် သေဆုံးသူ ၁,၃၅၂ ဦး ထပ်မံ တိုးမြင့် ခဲ့ရာ  စုစုပေါင်း သေဆုံးသူ ၁၀၉,၈၈၈ ဦး အထိ ရောက်ရှိလာခဲ့ကြောင်းနှင့် ရောဂါ မှ ပြန်လည် သက်သာကောင်းမွန်လာသူ ၂,၅၅၄,၁၇၉ ဦး အသီးသီး ရှိကြောင်း သိရသည်။

ဆော်ပေါ်လို ပြည်နယ် သည် ဘရာဇီး နိုင်ငံ တွင် ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား နေသည့် ပြည်နယ် ဖြစ်ပြီး ယင်း၏ မြို့တော် ဆော်ပေါ်လို ကလည်း ကပ်ရောဂါ ၏ ဗဟိုချက်နေရာ အဖြစ် သတ်မှတ် ခံထားကြောင်း ၊ ဘရာဇီး နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ သြဂုတ် ၁၈ ရက် ထုတ်ပြန်ကြေညာချက်အရ ဆော်ပေါ်လို ပြည်နယ် တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၇၁၁,၅၃၀ ဦး ရှိပြီး သေဆုံးသူ ၂၇,၃၁၅ ဦး အထိ ရောက်ရှိခဲ့ကြောင်း  ၊ သြဂုတ် ၁၈ ရက် အထိ ဆော်ပေါ်လို မြို့တွင် ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၃၇,၉၃၄ ဦး နှင့်  သေဆုံးသူ ၁၀,၇၀၀ ဦး ရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာ ၏ ၇ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ရကြောင်း သိရသည်။

ဘရာဇီး နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ပြည်သူများ နှာခေါင်းစည်း တပ်၍ သွားလာလှုပ်ရှားနေသည်ကိုတွေ့မြင်ရပုံ (ဆင်ဟွာ)

ဆော်ပေါ်လို မြို့ မြို့တော်ဝန် BrunoCovas က မိန့်ခွန်းပြောကြားရာတွင် မြို့တော် အစိုးရ အနေဖြင့် လတ်တလော ကာလ အတွင်း အသက် ၄ နှစ် မှ ၁၄ နှစ် အတွင်း ကလေးငယ် ၆,၀၀၀ ခန့် အား ရောဂါ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၎င်း တို့အနက ၁၆.၁ ရာခိုင်နှုန်းသော ကလေးငယ် တို့ က COVID-19 ရောဂါ ခုခံအား ရှိနေသည် ကို တွေ့ရှိခဲ့ရကြောင်း ၊ ကိုယ်ခံအား ရှိနေသူ ၆၄.၄ ရာခိုင်နှုန်းသောသူများ က လက္ခဏာ မဖေါ်ပြဘဲ COVID-19 ရောဂါ ကူးစက်ခံထားရသူများ ဖြစ်ကြောင်း သိရှိရသည်။

ဘရာဇီး နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ပြည်သူများ နှာခေါင်းစည်း တပ်၍ သွားလာလှုပ်ရှားနေသည်ကိုတွေ့မြင်ရပုံ (ဆင်ဟွာ)

မြို့တော်ဝန် BrunoCovas က ယခုကဲ့သို့သော် အခြေအနေ အောက်တွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်ခြင်းသည် ရောဂါ ထပ်မံ ကူးစပ်ခံရမည့် အခြေအနေ ကို မြင့်တင်စေခဲ့ကြောင်း ၊ ပြည်နယ် အစိုးရ အနေဖြင့် အချို့ဒေသများရှိ စာသင်ကျောင်းများ စက်တင်ဘာ ၈ ရက် တွင် ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့သော်လည်း  ဆော်ပေါ်လို မြို့ ရှိ စာသင်ကျောင်းများ အနေဖြင့် ကျောင်းသားများအား စာသင်ကျောင်း သို့ ပြန်လည် တက်ရောက်စေမည် မဟုတ်ကာ အောက်တိုဘာလ တွင် စာသင်ကျောင်း ပြန်လည် ဖွင့်မဖွင့်နိုင်ကို သုံးသပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဘရာဇီး နိုင်ငံ ကျန်မရေး စောင့်ကြည့်မှု ဌာန ၏ သြဂုတ် ၁၈ ရက် ထုတ်ပြန်ကြေညာချက်အရ ဘရာဇီး နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ Johnson & Johnson ကုမ္ပဏီ ၏ တတိယ အသုတ် လူ ၌ လက်တွေ့ စမ်းသပ်မှု ကို ဘရာဇီး နိုင်ငံ တွင် ဆောင်ရွက်ခွင် ကို ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။  (Ximhua)