Connect with us

WORLD

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ရောဂါပြန့်ပွားမှုမြင့်တက်နေ ၊ ပြည်သူအများ အနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများ လိုက်နာကြရန် တိုက်တွန်း

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြေအောက်ရထားဘူတာရုံတစ်ခု၏ မြင်ကွင်းအား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ရောဂါ ကူးစက်မှုများ ဆက်လက် ပြန့်ပွားလျက်ရှိရာ အီဂျစ်နှင့်တူနီးရှား နိုင်ငံများက နိုင်ငံခြားပြည်ဝင်ခွင့်ကန့်သတ်မှုအချို့ ကို လုပ်ဆောင်ခဲ့သလို နိုင်ငံအမြောက်အမြားကလည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူအများအနေဖြင့် တင်းကျပ်စွာ လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

အီဂျစ်နိုင်ငံတွင် စက်တင်ဘာ ၁ ရက်မှစ၍ နိုင်ငံခြားသားပြည်ဝင်ခွင့် လျှောက်ထားရာတွင် ကိုရိုနာဗိုင်းရပ်စ် nucleic acid စစ်ဆေးမှု negative ဖြစ်ကြောင်း သက်သေပြရမည်ဟု အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Madboulyက ဩဂုတ် ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဩဂုတ် ၂၈ ရက်မှစ၍ အီဂျစ်နိုင်ငံတွင် ဗလီကျောင်းများ၏  သောကြာနေ့ စုပေါင်း ဝတ်ပြုရန် ပြန်လည်ဆောင်ရွက်နိုင်ကြောင်း၊ဗလီကျောင်းအတွင်း ဝင်ရောက်လာသူများအနေဖြင့် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ Social distance ထားရှိခြင်းများလုပ်ဆောင်ရမည်ဖြစ်ပြီး ဝတ်ပြုချိန်ကိုလည်း လျှော့ချရမည် ဖြစ်ကြောင်း Madboulyက ဆိုသည်။ အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၁၉ ရက်တွင် ပြောကြားချက်များအရ အီဂျစ်တွင် အသစ်ထပ်တိုး အတည်ပြုလူနာ ၁၆၁ ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ ၉၆,၉၁၄ ဦး ၊ သေဆုံးသူ ၅,၁၉၇ ဦး၊ ရောဂါ သက်သာပျောက်ကင်းသွားသူ ၆၂,၅၅၃ ဦးအသီးသီးရှိကြောင်း သိရသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြေအောက်ရထားဘူတာရုံတစ်ခု၏ မြင်ကွင်းအား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူနီးရှားနိုင်ငံတွင်လည်း ယခုကာလများအတွင်း ပြည်ဝင်ခွင့် ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များ တိုးမြှင့်မည်ဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွင် negativeဖြစ်ကြောင်း သက်သေပြရန် လိုအပ်ကြောင်း တူနီးရှား ကျန်းမာရေး ဝန်ကြီးဌာနက ဩဂုတ် ၁၉ ရက်တွင် ကြေညာခဲ့သည်။ ထိုမတိုင်မီ တူနီးရှားသည် ကမ္ဘာ့နိုင်ငံ ၈၀ ကျော်က ပြည်ဝင်ခွင့်လျှောက်သူများကို ရောဂါစစ်ဆေးရန်နှင့် သီးခြားခွဲထားရန် တောင်းဆိုမှုများ ပြုလုပ်ထားခြင်း မရှိကြောင်း သိရသည်။ ဩဂုတ် ၁၉ ရက် သတင်းထုတ်ပြန်ချက်များအရ တူနီးရှားတွင် အသစ်ထပ်တိုးလူနာ ၁၁၃ ဦးရှိရာ စုစုပေါင်း အတည်ပြုလူနာ ၂,၄၂၇ ဦး ၊ သေဆုံးသူ ၆၀ ဦးနှင့် ရောဂါသက်သာပျောက်ကင်းသူ ၁,၃၉၅ ဦး ရှိကြောင်း သိရသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြေအောက်ရထားဘူတာရုံတစ်ခု၏ မြင်ကွင်းအား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံတွင် ဩဂုတ် ၁၉ ရက်က အသစ်ထပ်တိုး အတည်ပြုလူနာအရေအတွက်သည် စံချိန်တင် ထပ်မံ မြင့်တက်ခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ အရေအတွက် ၁ သောင်းကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ဩဂုတ် ၁၉ ရက် တွင် အသစ်ထပ်တိုး လူနာ ၅၈၉ ဦး ရှိပြီး စုစုပေါင်း အတည်ပြုလူနာ ၁၀,၃၄၇ ဦး ၊သေဆုံးသူ ၁၀၉ ဦး ၊ ရောဂါ သက်သာပျောက်ကင်းသူ ၂,၉၂၈ ဦး ရှိကြောင်း သိရသည်။

ယူအေအီးနိုင်ငံတွင် ဩဂုတ် ၁၉ ရက်တွင် အသစ်ထပ်တိုးလူနာ ၄၃၅ ဦးနှင့်  စုစုပေါင်း အတည်ပြုလူနာ ၆၅,၃၄၁ ဦး၊ သေဆုံးသူ ၃၆၇ ဦး၊ ရောဂါသက်သာပျောက်ကင်းသူ ၅၈,၀၂၂ ဦး ရှိကြောင်း သိရသည်။ ယူအေအီး ကပ်ရောဂါ ကာကွယ်ရေးဌာန ပညာရှင် Adil က လူအချို့သည် မိတ်ဆုံစားပွဲများတွင် ရောဂါကာကွယ်ရေးသတ်မှတ်ချက်များအား လုံးဝ လျစ်လျူရှုထားကြကြောင်း၊ တစ်မြို့လုံး ညမထွက်ရဖြင့် ပိုးသတ်ဆေးဖြန်းရသည့်အနေအထားကို ပြန်မရာက်လိုပါက ပိုးသတ်ခြင်း၊ လူမှုဘဝတွင် ခပ်ခွာခွာနေထိုင်ခြင်းနှင့် နှာခေါင်းစည်းတပ်ခြင်း စသည့် အကြောင်းအရာ သုံးခုကို မဖြစ်မနေ လုပ်ဆောင်ရမည် ဟု ဆိုသည်။

မော်ရိုကိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၁၉ ရက်ထုတ်ပြန်ချက်အရ မော်ရိုကိုတွင် အသစ်ထပ်တိုးလူနာ ၁,၅၁၀ ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ ၄၆,၃၁၃ ဦး၊ သေဆုံးသူ ၇၄၃ ဦး၊  ရောဂါသက်သာပျောက်ကင်းသူ ၃၁,၅၇၆ ဦး ရှိကြောင်း  သိရသည်။  နိုင်ငံအတွင်း အတည်ပြုလူနာအရေအတွက် အမြောက်အမြားတိုးလာခြင်းကြောင်း အာဏာပိုင်များက  ရောဂါကာကွယ်ထိန်းချုပ်စည်းကမ်းများကို တိကျစွာ လိုက်နာကြရန်  သတိပေးထားကြောင်း သိရသည်။

အိုမန်နိုင်ငံတွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၁၈၈ ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ ၈၃,၆၀၆ဦး၊  သေဆုံးသူ ၆၀၃ ဦး၊ ရောဂါသက်သာပျောက်ကင်းသူ ၇၈,၁၈၈ ဦး ရှိကြောင်း ဩဂုတ် ၁၉ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ ပြည်သူများအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးတာဝန်ကို ထမ်းဆောင်ကြရန်နှင့် စည်းကမ်းလိုက်နာကြရန်  အိုမန် ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်  ၁၉ ရက်တွင် သတိပေးတိုက်တွန်းထားသည်။

အရှေ့အလယ်ပိုင်း နိုင်ငံအချို့၏ ဩဂုတ် ၁၉ ရက် ထပ်တိုးစာရင်းများအရ စုစုပေါင်း အတည်ပြုလူနာ အရေအတွက်သည် ဆော်ဒီအာရေဗျတွင် ၃၀၂,၆၈၆ ဦး၊ တူရကီတွင် ၂၅၃,၁၀၈ ဦး ၊ အီရတ်တွင် ၁၈၈,၈၀၂ဦး၊ အစ္စရေးတွင် ၉၇,၉၆၉ ဦး ၊ ပါကစ္စတန်တွင် ၂၃,၄၃၆ ဦး နှင့် ဂျော်ဒန်တွင် ၁,၄၈၂ ဦး အသီးသီး ရှိကြောင်း သိရသည်။(Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117