WORLD
စပိန်နိုင်ငံတွင် COVID-19ရောဂါ တစ်ရက်တည်း ထပ်တိုး လူနာ ၂,၀၀၀ ရှိလာ

မက်ဒရစ်၊ မတ် ၁၆ ရက်(ဆင်ဟွာ)
စပိန်နိုင်ငံတွင် မတ် ၁၅ ရက်က COVID-19ရောဂါ အတည်ပြုလူနာ၂,၀၀၀ ဦး ထပ်တိုးလာရာ အတည်ပြုလူနာ စုစုပေါင်း ၇,၇၅၃ ဦး ရှိကြောင်းနှင့် စုစုပေါင်း သေဆုံးသူ ၂၈၈ ဦး ရှိပြီဖြစ်ကြောင်း စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)