Connect with us

WORLD

တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါအတည်ပြုလူနာ ၇၂,၄၆၉ ဦး ရှိပြီဟု WHO ပြောကြား 

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် နှာခေါင်းစည်းတပ် သွားလာနေသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၁၆ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၇၂,၄၆၉ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၁၅ ရက်က ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ  သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါဖြစ်ပွားမှု နေ့စဉ် အစီရင်ခံချက်များအရ မတ် ၁၅ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီအထိ တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာသည် ပြီးခဲ့သောရက်ကထက် ၁၀,၉၅၅  ဦး ထပ်တိုးခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၇၂,၄၆၉ ဦး ရှိပြီဖြစ်ကြောင်း နှင့်ထပ်ထိုးသေဆုံးသူ  ၃၃၃ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၂,၅၃၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ရောဂါဖြစ်ပွားသူသည် ပြီးခဲ့သောရက်ကထက် ၁၀,၉၈၂ ဦး ထပ်တိုးလာရာ စုစုပေါင်း အတည်ပြုလူနာ ၁၅၃,၅၁၇ ဦး ရှိကြောင်းနှင့် ထပ်တိုးသေဆုံးသူ ၃၄၃ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၅,၇၃၅ ဦး ရှိကြောင်း သိရသည်။(Xinhua)