Connect with us

WORLD

ရုရှားနိုင်ငံတွင် ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ၅,၀၉၉ ဦး ရှိရာ စုစုပေါင်းအတည်ပြုလူနာ ၁,၀၃၅,၇၈၉ ဦး ထိ ရောက်ရှိ

ရုရှားနိုင်ငံ မော်စကိုမြို့ Kolomenskoye ပန်းခြံတွင် Moscow City Day ယဉ်ကျေးမှုပြပွဲအတွင်း လာရောက်လေ့လာသူတစ်ဦးနှင့်အတူ အိုးပြုလုပ်နေသည့် ဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- Alexander Zemlianichenko Jr/Xinhua)

မော်စကို၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ဖြစ်ပွားမှုအသစ် ၅,၀၉၉ ဦး ရှိခဲ့ပြီး စုစုပေါင်း ရောဂါဖြစ်ပွားသူ ၁,၀၃၅,၇၈၉ ဦးအထိ ရောက်သွားပြီဖြစ်ကြောင်း COVID-19 တုံ့ပြန်ရေးစင်တာက စက်တင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ 

ထို့ပြင် COVID-19 ကြောင့် သေဆုံးသူအသစ် အရေအတွက်မှာလည်း ၁၂၂ ဦးရှိခဲ့ရာ စုစုပေါင်း ၁၇,၉၉၃ ဦး အထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံတွင် ရောဂါဖြစ်ပွားမှုအများဆုံးဒေသဖြစ်သည့် မော်စကိုမြို့တွင် ရောဂါဖြစ်ပွားသူအသစ် ၆၉၅ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၇,၇၄၂ ဦးရှိကြောင်း စင်တာက ဆိုသည်။

ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ အရေအတွက်အနေဖြင့် ယမန်နေ့က ၆,၇၇၂ ဦး အပါအဝင် ၈၅၀,၀၄၉ ဦး ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ စက်တင်ဘာ ၇ ရက်အထိ စာရင်းအရ COVID-19 ရောဂါ ဆေးကုသမှုခံယူနေသူ  ၂၀၅,၈၃၄ ရှိပြီး ရုရှားနိုင်ငံတစ်ဝန်း ရောဂါစစ်ဆေးမှုပေါင်း ၃၈.၉ သန်းကျော် ထိ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.