Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် ဇန်နဝါရီလ၌ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း စတင်မည်

ဘရာဇီးနိုင်ငံ ရိုရိုင်မားပြည်နယ် Alto Alegre မြို့၊ Surucucu ဒေသတွင် ဒေသခံတိုင်းရင်းသူတစ်ဦးအား ကျန်းမာရေးစစ်ဆေးပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံသည် ဇန်နဝါရီလတွင် လူအများအပြားပါဝင်သော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ဆေးထိုးနှံခြင်း လှုံ့ဆော်မှု စတင်သွားမည် ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၈ ရက်၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကာကွယ်ဆေး ထုတ်လုပ်သူတွေနဲ့ လက်မှတ်ရေးထိုးချက်တွေအရ ကာကွယ်ဆေးတွေဟာ ဇန်နဝါရီလမှာ စပြီးရောက်ရှိလာမယ်လို့ မှန်းထားပါတယ်။ လာမယ့်နှစ် ဇန်နဝါရီလမှာ လူတိုင်းကို ကာကွယ်ဆေး စပြီးထိုးနိုင်ပါလိမ့်မယ်” ဟု ယာယီ ကျန်းမာရေးဝန်ကြီး Eduardo Pazuello က အစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေး၌ ထည့်သွင်း ပြောကြားခဲ့သည်။ 

ဘရာဇီးနိုင်ငံ အစိုးရသည် ကာကွယ်ဆေး ဖော်ထုတ်သော အောက်စ်ဖို့တက္ကသိုလ်နှင့် တွဲဖက်လုပ်ကိုင်နေသော နိုင်ငံပိုင် Oswaldo Cruz ဖောင်ဒေးရှင်း (Fiocruz) နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ အစီအစဉ်အရ ကာကွယ်ဆေး ၁၀၄ ဒသမ ၄ သန်း ကနဦးရရှိမည်ဖြစ်ပြီး လူဦးရေး ထက်ဝက်ကို ကာကွယ်ဆေးထိုးနှံပေးနိုင်မည် ဖြစ်သည်။ ဒုတိယမြောက် ကာကွယ်ဆေးထိုးနှံမှုများမှာ နောက်နှစ် ဒုတိယနှစ်ဝက်တွင် အသင့်ဖြစ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ 

အစည်းအဝေး တက်ရောက်ခဲ့သူ ခရီးသွားလုပ်ငန်းဝန်ကြီး Marcelo Alvaro Antonio က “ပြည်တွင်းခရီးသွား အများဆုံးဖြစ်တဲ့” လာမည့်နှစ် နွေရာသီတွင် ကာကွယ်ဆေး ရရှိမည်ဟု မျှေိာ်မှန်းထားကြောင်း ပြောကြားခဲ့သည်။ ခရီးသွားလုပ်ငန်းကဏ္ဍသည် ကျန်းမာရေးအကျပ်အတည်းမှ “ပြန်လည်ကောင်းမွန်လာမှာပါ” ဟု ၎င်းက ခန့်မှန်းပြောဆိုခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.