Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၅,၇၃၂,၅၁၈ ဦးအထိမြင့်တက်၊ သေဆုံးသူ ၉၁,၁၄၉ ဦးအထိ ရောက်ရှိလာ

အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့တွင် COVID-19 စမ်းသပ်မှုအတွက် နှာခေါင်းတို့ဖတ်ရယူနေစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက COVID-19 ကူးစက်ခံရကြောင်း အတည်ပြုလူနာဦးရေသည် ၅,၇၃၂,၅၁၈ ဦးအထိမြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝန်း လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက်မှုအသစ် ၈၆,၅၀၈ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၁,၁၂၉ ဦးရှိခဲ့ကြောင်း သိရသည်။ ဝန်ကြီးဌာနတာဝန်ရှိသူများ၏အဆိုအရ ၄,၆၇၄,၉၈၇ ဦးမှာမူ ရောဂါအခြေအနေကောင်းမွန်လာပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ အိန္ဒိယနိုင်ငံတွင် ရောဂါဖြစ်ပွားလျက်ရှိသူအရေအတွက်မှာ ၉၆၆,၃၈၂ ဦးရှိနေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည့်သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။တစ်ချိန်တည်းတွင် နိုင်ငံတစ်ဝန်း လူပေါင်း ၆၇,၄၃၆,၀၃၁ ဦးကို နမူနာရယူ စမ်းသပ်ခဲ့ပြီး ယင်းအနက် စက်တင်ဘာ ၂၃ ရက် တစ်ရက်တည်း၌ စစ်ဆေးခဲ့သည့်လူပေါင်း ၁,၁၅၆,၅၆၉ ဦးရှိခဲ့ကြောင်း အိန္ဒိယ ဆေးသုတေသနကောင်စီ (ICMR) က စက်တင်ဘာ ၂၄ ရက်တွင် ပြောခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် COVID-19 ရောဂါကြောင့် အိန္ဒိယနိုင်ငံ အငယ်တန်း ရထားပို့ဆောင်ရေးဝန်ကြီး Suresh Angadi သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ အသက် ၆၅ နှစ်အရွယ် Angadi သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် နှစ်ပတ်ခန့်အကြာ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ရောဂါအခြေအနေဆိုးလာပြီးနောက် ဒေလီမြို့ရှိ AIIMS ဆေးရုံတွင် တက်ရောက်ကုသခဲ့ကြောင်း သိရသည်။ 

တစ်ချိန်တည်းတွင် အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တိုင်းပြည်တွင် COVID-19 ဖြစ်ပွားနေမှုများကို ထိန်းချုပ်နိုင်ရန် ထိရောက်သည့် စမ်းသပ်မှုများ၊ ရောဂါခြေရာခံမှုများ၊ ကုသမှုများနှင့် စုံစမ်းထောက်လှမ်းမှုများ ပိုမို အာရုံစိုက်လုပ်ဆောင်ရန် အလေးပေးပြောကြားခဲ့သည်။

“ထိရောက်တဲ့စမ်းသပ်မှုများပြုလုပ်ရန် သံသယရှိစေသည့် လက္ခဏာမပြတဲ့ရောဂါကူးစက်ခံမှု သဘာဝကြောင့်  ထိရောက်မှုရှိတဲ့ သတင်းစကားတွေက မဖြစ်မနေလိုအပ်ပါတယ်” ဟု မိုဒီ က COVID-19 ကူးစက်ခံရမှုအမြင့်မားဆုံးဖြစ်သည့် ပြည်နယ်ခုနှစ်ခုမှ ဝန်ကြီးချုပ်များနှင့် အင်တာနက်မှတစ်ဆင့် တွေ့ဆုံမှုအတွင်း ပြောကြားခဲ့သည်။ 

“ယခုလိုအခြေအနေမျိုးမှာ ကောလာဟလတွေလည်း မြင့်တက်လာနိုင်ပါတယ်။ လူတွေရဲ့စိတ်ထဲမှာ  ရောဂါစမ်းသပ်တာက မကောင်းဘူးဆိုတဲ့ သံသတွေလည်း တိုးပွားလာနိုင်တယ်။ တချို့တွေက ကူးစက်မှုရဲ့ ပြင်းထန်ပုံ ကိုနားလည်မှု လွဲမှားတာတွေလည်းဖြစ်နိုင်တယ်” ဟု ဝန်ကြီးချုပ် မိုဒီက ဆိုသည်။ 

မိုဒီသည် နေ့စဉ်အခြေခံအဖြစ် နှာခေါင်းစည်းတပ်ဆင်ခြင်း အလေ့အကျင့်တိုးတက်လာရန် အလေးထားပြောကြားခဲ့သည်။ ၎င်းက COVID-19 အခြေခံအဆောက်အအုံအတွက် နိုင်ငံ၏ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးရန်ပုံငွေ အခြေခံအဆောက်အအုံအတွက် အသုံးပြုရေး ကန့်သတ်မှုကိုလည်း ၃၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အိန္ဒိယနိုင်ငံသည် COVID-19 ကပ်ရောဂါ ဒုတိယမြောက်အဆိုးဝါးဆုံးခံနေရသည့် နိုင်ငံဖြစ်သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.