Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁ သိန်း ၄ သောင်း နီးပါး အထိ ရောက်ရှိလာ

ဘရာဇီးနိုင်ငံရှိ အမျိုးသား တစ်ဦးက စက်တင်ဘာ ၂၄ ရက်၌ နှာခေါင်းစည်း တပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆောပိုလို ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃၂,၈၁၇ ဦး ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄,၆၅၇,၇၀၂ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ COVID-19 ရောဂါ ကြောင့် သေဆုံးသူ ၈၃၁ ဦး တိုးမြင့်ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၃၉,၈၀၈ ဦးအထိ ရောက်ရှိလာခဲ့ကာ ရောဂါမှ ပြန်လည်သက်သာလာသူ ၄,၀၂၃,၇၈၉ ဦး ရှိကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ စက်တင်ဘာ ၂၄ ရက် ၁၈ နာရီ ၃၀ မိနစ် ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ သိရှိရသည်။

ဘရာဇီးနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ဘရာဇီးနိုင်ငံတွင် ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားနေသည့် ပြည်နယ်မှာ ဆောပိုလို ပြည်နယ်ဖြစ်ပြီး COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၉၅၈,၂၄၀ ဦး ရှိကာ သေဆုံးသူ စုစုပေါင်း ၃၄,၆၇၇ ဦး ရှိကြောင်း ၊ ဆောပိုလို ပြည်နယ်၏ မြို့တော် ဆောပိုလို မြို့၏ စက်တင်ဘာ ၂၄ ရက် ထုတ်ပြန်ကြေညာချက်အရ ကပ်ရောဂါ အခြေအနေ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ အောက်တိုဘာ ၉ ရက် တွင် ထိန်းချုပ်မှုများ ပြန်လည် ဖြေလျှော့ပေးသည့် အစိမ်းရောင်အဆင့်သို့ ရောက်ရှိရန် မျှော်လင့်ထားကြောင်း ၊ အစိမ်းရောင်အဆင့် အခြေအနေတွင် ပြဇာတ်ရုံများ ၊ ပြတိုက်များ နှင့် စာကြည့်တိုက် စသည့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးများကို ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ယင်းအဆောက်အဦးများ၌ အခမ်းအနား ကျင်းပပြုလုပ်ရာတွင် စုစုပေါင်း လူဦးရေ ၆၀၀ ထက် မကျော်လွန်ရကြောင်း ၊ ဆောပိုလို ပြည်နယ်တွင် ထိန်းချုပ်မှုများ ဆောင်ရွက်ရာတွင် အနီရောင် ၊ လိမ္မော်ရောင် ၊ အဝါရောင် ၊ အစိမ်းရောင် နှင့် အပြာရောင်ဟူ၍ အဆင့် ၅ ဆင့် ခွဲခြား ထားပြီး ကန့်သတ်မှုများကိုလည်း အဆင့်အဆင့် ခွဲခြား သတ်မှတ်ထားကာ ဆောပိုလိုမြို့က လက်ရှိချိန်တွင် အဝါရောင် အဆင့်၌ တည်ရှိနေကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံ Amazonas ပြည်နယ် တွင် လူထုစုဝေးမှုများ ပြုလုပ်ခဲ့သောကြောင့် လတ်တလောရက် ပိုင်းတွင် ကပ်ရောဂါ အခြေအနေ ပြန်လည် ဆိုးရွားလာခဲ့ပြီး  စက်တင်ဘာ ၂၄ ရက် အချိန်ထိ ယင်း ပြည်နယ်တွင် COVID-19 ရောဂါ ကူးစက် ခံရသူ စုစုပေါင်း ၁၃၄,၂၈၉ ဦးအထိ ရောက်ရှိခဲ့ကာ သေဆုံးသူ စုစုပေါင်း ၃,၉၉၂ ဦး ရှိကြောင်း ၊ Amazonas ပြည်နယ် အစိုးရက စက်တင်ဘာ ၂၄ ရက် ထုတ်ပြန်ကြေညာချက်အရ ပြည်နယ် မြို့တော် အတွင်းရှိ အရက်ဆိုင် နှင့် Spa တို့ က ယခုလ ၂၅ ရက် မှ ၃၀ ရက် အထိ ပိတ်သိမ်းရမည် ဖြစ်ပြီး သတ်မှတ်ချက်အား မလိုက်နာဘဲ ဆိုင်ဖွင့်ပါက အမေရိကန် ဒေါ်လာ ၉,၀၀၀ ဒဏ်ကြေးငွေ အဖြစ်ပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် Bahia ပြည်နယ် ၊ Minas Gerais ပြည်နယ် နှင့် Rio de Janeiro ပြည်နယ် တို့ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၂၅၀,၀၀၀ ကျော် စီအထိ ရှိကြောင်း ဘရာဇီး နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.