WORLD
အမေရိကန်တွင် COVID-19 လူနာ ၆,၀၀၀ ကျော်အထိ အမြင့်ဆုံးရောက်ရှိ ၊ သေဆုံးသူ ၁၀၀ ကျော်ရှိလာ

နယူးယောက် ၊ မတ် ၁၈ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံတွင် မတ် ၁၇ ရက် ဒေသစံတော်ချိန် ည ၇ နာရီအထိ COVID-19 ရောဂါဖြင့် သေဆုံးသူ ၆,၀၀၀ ကျော်အထိ အမြင့်ဆုံးရောက်ရှိသွားခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန၏ ပြောကြားချက်အရသိရသည်။
နာရီပေါင်း ၁,၀၀၀ အတွင်း ရောဂါကူးစက်ခံရသူ ၆,၄၂၀ ဦးထိ မြင့်တက်သွားခဲ့ကြောင်း စာရင်းများတွင် ဖော်ပြထားသည်။အမေရိကန်နိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါ ဖြင့်သေဆုံးသူ ၁၀၈ ဦးရှိကြောင်း ၊ ယင်းတို့အနက် ၅၅ ဦးမှာ ဝါရှင်တန်ပြည်နယ်အတွင်းမှဖြစ်ပြီး နယူးယောက်ပြည်နယ်က ၁၃ ဦးဖြင့် ဒုတိယနေရာတွင် လိုက်နေကြောင်း သိရသည်။(Xinhua)