Connect with us

WORLD

ပြင်သစ်နိုင်ငံတွင် တစ်ရက်တည်း COVID-19 ကူးစက်မှု ၁၈,၇၄၆ ရှိ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီဖယ်မျှော်စင်အနီး Trocadero Place တွင် နှာခေါင်းစည်းတပ်ဆင်ထားသည့် လမ်းလျှောက်နေသူကို တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် အောက်တိုဘာ ၇ ရက် တစ်ရက်တည်းတွင် COVID-19 အတည်ပြုလူနာအရေအတွက်၁၈,၇၄၆ ဦးရှိခဲ့ပြီး တစ်ရက်တည်းတွင် ရောဂါဖြစ်ပွားမှု အများဆုံးစံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးအေဂျင်စီက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ ယခင်က တစ်ရက်တည်းတွင် ကူးစက်မှုအများဆုံးအရေအတွက်သည် အောက်တိုဘာ ၃ ရက်က ၁၆,၉၇၂ ဦးဖြစ်ခဲ့သည်။

ပြင်သစ်နိုင်ငံတွင် ရောဂါကူးစက်မှုအရေအတွက် စုစုပေါင်း ၆၅၃,၅၀၉ ရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ အောက်တိုဘာ ၇ ရက်တွင် နောက်ထပ် ၈၀ ဦး ရှိခဲ့ရာ စုစုပေါင်း ၃၂,၄၄၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၁၄ ရက်အတွင်း ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူဦးရေမှာ အထူးကြပ်မတ်ဆောင်၌ ၉၁၉ ဦးအပါအဝင် စုစုပေါင်း ၄,၆၂၅ ဦးရှိခဲ့သည်။

 ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် နှာခေါင်းစည်းတပ်ဆင်ကာ လမ်းလျှောက်နေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် လူပေါင်း ၁,၂၆၇ ဦးကို ရောဂါစစ်ဆေးနေဆဲဖြစ်ကြောင်း၊ ၎င်းတို့အနက် ၉၆ ဦးမှာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ ပြင်သစ်၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန် စသည့်နိုင်ငံများသည် ကာကွယ်ဆေးကို အပြိုင်အဆိုင် ရှာဖွေဖော်ထုတ်လျက်ရှိသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီဖယ်မျှော်စင်အနီး Trocadero Place တွင် နှာခေါင်းစည်းတပ်ဆင်ထားသည့် လမ်းလျှောက်နေသူကို တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ COVID-19 ကာကွယ်ဆေး ဖော်ထုတ်မှုမှာ ၁၉၃ ခုရှိပြီး ယင်းအနက် ၄၂ ခုမှာ လက်တွေ့စမ်းသပ်မှုအဆင့်များသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.