Connect with us

WORLD

အာဖရိကတိုက်တွင် COVID-19 ကူးစက်ခံရသူ ၁ ဒသမ ၅၂ သန်း နှင့် သေဆုံးသူ ၃,၇၀၀ ကျော်ရှိ

ဇမ်ဘီးယားနိုင်ငံ လူဆာကာမြို့ရှိ Mejocama အလယ်တန်းကျောင်းတွင် စက်တင်ဘာ ၂၁ ရက်က ကျောင်းသားတစ်ဦးအားကိုယ်အပူချိန်တိုင်းနေစဉ်(ဆင်ဟွာ)

အက်ဒစ်အက်ဘာဘာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

အာဖရိကန်တိုက်တွင် အောက်တိုဘာ ၇ ရက်အထိ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁,၅၂၆,၀၀၀ ဦးထိရောက်ရှိလာကြောင်း အာဖရိကတိုက် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး(Africa CDC) ၏ ထုတ်ပြန်ချက်အရသိရသည်။

အာဖရိကသမဂ္ဂ(AU) ၏ ကျန်းမာရေးစောင့်ရှောက်မှု အေဂျင်စီတစ်ခုဖြစ်သော အာဖရိကတိုက် CDC ၏ အောက်တိုဘာ ၆ ရက် ထုတ်ပြန်ကြေညာချက်တွင် အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းအထိ COVID-19 ကပ်ရောဂါဖြင့် ဆက်စပ်၍ ဖျားနာပြီး သေဆုံးရသူအရေအတွက်မှာ ၃၇,၀၉၈ ဦးထိ ရောက်ရှိလာခဲ့ကြောင်း ဖော်ပြထားသည်။အာဖရိက CDC ၏ ပြောကြားချက်အရ အာဖရိကတစ်တိုက်လုံးအနေဖြင့် လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပြန်လည်သက်သာကောင်းမွန်လာသူ ၁,၂၆၂,၃၄၈ ဦးရှိကြောင်း သိရသည်။

အီသီယိုးပီးယားနိုင်ငံ အက်ဒစ်အက်ဘာဘာမြို့တွင် စက်တင်ဘာ ၂ ရက်က နှာခေါင်းစည်းတပ်၍ စက်ချုပ်နေသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ) 

အာဖရိကတိုက်တွင် COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေစဉ်အတွင်း အာဖရိက CDC က တောင်အာဖရိက ၊ အီဂျစ် ၊ မော်ရိုကို ၊ အီသီယိုးပီးယား နှင့် နိုင်ဂျီးရီးယား နိုင်ငံတို့ အပါအဝင် ကပ်ရောဂါရိုက်ခတ်မှုဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် နိုင်ငံများစာရင်းကို ဖော်ပြခဲ့သည်။
အာဖရိကတိုက် ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးအေဂျင်စီ (CDC) က တိုက်အတွင်း ကပ်ရောဂါဖြင့် ပျမ်းမျှ သေဆုံးမှုနှုန်းသည် လက်ရှိတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း ခန့်ရှိကြောင်း ဆိုသည်။(Xinhua)