Connect with us

WORLD

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ အရေအတွက် ၄၇ ဦးထိ မြင့်တက် 

အိန္ဒိယ နိုင်ငံ၌ နှာခေါင်းစည်းဖြင့် သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ စုစုပေါင်း အရေအတွက်မှာ ၄၇ ဦးထိ မြင့်တက်လာကြောင်း အိန္ဒိယ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

“တစ်နိုင်ငံလုံးမှာ COVID-19 ရောဂါ အတည်ပြု လူနာ အရေအတွက်က ၄၇ ဦး ရှိပါတယ်။”ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ယင်းတို့ထဲတွင် အိန္ဒိယ နိုင်ငံသား ၃၁ ဦးနှင့် နိုင်ငံခြားသား ၁၆ ဦး ပါဝင်ကြောင်း သိရသည်။

လေဆိပ်များ၌ လေကြောင်းခရီးစဉ် ၈,၈၂၇ ခုမှ နိုင်ငံတကာ ခရီးသည် ၉၄၁,၇၁၇ ဦးအား စစ်ဆေးခဲ့ပြီး ယခုထိ ခရီးသည် ၅၄ ဦးအား ဘက်ပေါင်းစုံ ရောဂါပိုး စောင့်ကြည့်စစ်ဆေးမှုအစီအစဉ်(IDSP) နှင့် ဆေးရုံများသို့ လွဲပြောင်းပေးထားပြီးကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ 

လေဆိပ်၌ ခရီးသည်များအား စစ်ဆေးခြင်း အဆင်ပြေစေရေး နှင့် မြင့်တက်လာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းရန် လူအင်အားများ တိုးချဲ့ဖြည့်ဆည်းပေးထားကြောင်း ဝန်ကြီးဌာနမှ သိရပြီး ယခုအခါတွင် နိုင်ငံအနှံ့ရှိ လေဆိပ်များ၌ ဆရာဝန် ၂၈၆ ဦး ၊ သူနာပြု ၁၆၀ ဦး နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၂၉၅ ဦးကို ထားရှိထားသည်ဟု ဆိုသည်။

အိန္ဒိယ နိုင်ငံ အစိုးရက COVID-19 ရောဂါ ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်ရေး အသိပေးလှုံ့ဆော်မှု အဖြစ် ပြည်နယ်များတွင် မူလတန်းကျောင်းများကို မတ်လ ၃၁ ရက်အထိ ပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။ 

အိန္ဒိယ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူများတွက် ဗိုင်းရပ်စ် ရောဂါနှင့် ပတ်သတ်၍ သိလိုသည်များကို မေးမြန်းနိုင်ရန် ၂၄ နာရီ ခုနှစ်ရက် တစ်ပတ်လုံး ခေါ်ဆို အကူအညီတောင်းခံနိုင်သည့် ဖုန်းလိုင်းအား ဖွင့်လှစ်ပေးခဲ့ကြောင်း ၊  နိုင်ငံအတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် WHO မှ အကြံပြုထားသည့် ကြိုတင်ကာကွယ်ရေး အစီအမံများကို ဖြန့်ဝေပေးထားကြောင်းလည်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.