Connect with us

WORLD

ကမ္ဘာတစ်ဝန်း COVID-19 ဖြစ်ပွားသူ သန်း ၅၀ ကျော်လာ ၊ သန်း၄၀ မှ သန်း၅၀ ခုန်တက်ရန် ရက်ပေါင်း ၂၀ သာကြာမြင့်

အမေရိကန်နိုင်ငံ နယူးယောက်မြို့Bryant ပန်းခြံ၌ နှာခေါင်းစည်းတပ်၍ စစ်တုရင်ကစားနေကြသူများအား နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ကမ္ဘာတစ်ဝန်းတွင် နိုဝင်ဘာ ၈ ရက်အထိ COVID-19 ရောဂါဖြစ်ပွားသူပေါင်း သန်း ၅၀ ကျော်ရှိလာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက်အရသိရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အမေရိကန်ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၄ မိနစ်(ဂရင်းနစ်စံတော်ချိန် ၁၆၂၄ နာရီ) အထိ အတည်ပြုလူနာပေါင်း ၅၀,၀၅၂,၂၀၄ ဦး နှင့် သေဆုံးသူပေါင်း ၁,၂၅၃,၁၁၀ ဦးရှိခဲ့ကြောင်း CSSE ကိန်းဂဏန်းအချက်အလက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ အမျိုးသမီးတစ်ဦးအား အာခေါင်တို့ဖက်နမူနာရယူနေသည်ကို နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အတည်ပြုလူနာ ၉၈,၇၉၃,၂၃၂ ဦး နှင့် သေဆုံးသူ ၂၃၇,၁၉၂ ဦးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည်။ အိန္ဒိယနိုင်ငံက အတည်ပြုလူနာ ၈,၅၀၇,၇၅၄ ဦး ဖြင့် ရောဂါဖြစ်ပွားမှု ဒုတိယ အများဆုံးနိုင်ငံ အဖြစ် ရောက်ရှိနေသည်။ ယင်းနောက်တွင် ဘရာဇီးနိုင်ငံက အတည်ပြုလူနာ ၅,၆၅၃,၅၆၁ ဦးနှင့် သေဆုံးသူ ၁၆၂၂၆၉ ဦးဖြင့် သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံအဖြစ် အသီးသီးရပ်တည်နေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ အမျိုးသမီးတစ်ဦးအား အာခေါင်တို့ဖက်နမူနာရယူနေသည်ကို နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ရုရှား ၊ ပြင်သစ် ၊ စပိန် ၊ အာဂျင်တီးနား ၊ ဗြိတိန် နှင့် ကိုလံဘီယာ နိုင်ငံတို့သည် COVID-19 ရောဂါ အတည်ပြုလူနာ အရေအတွက် ၁.၁ သန်းအထက်ရှိသောနိုင်ငံများထဲတွင် ပါဝင်နေပြီး သေဆုံးသူပေါင်း ၄၀,၀၀၀ အထက်ရှိသော နိုင်ငံများစာရင်းတွင် အိန္ဒိယ ၊ မက္ကဆီကို ၊ ဗြိတိန် ၊ အီတလီ နှင့် ပြင်သစ် နိုင်ငံတို့ ပါဝင်နေကြောင်း CSSE စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြီးခဲ့သော စက်တင်ဘာ ၁၇ ရက်တွင် COVID-19 အတည်ပြုလူနာ သန်း ၃၀ ရှိခဲ့ရာမှ အောက်တိုဘာ ၁၉ ရက်တွင် သန်း ၄၀ ထိ အမြင့်ဆုံးရောက်ရှိခဲ့သည်။ ထို့သို့ အတည်ပြုလူနာပေါင်း သန်း ၃၀ မှ သန်း ၄၀ အထိ ခုန်တက်သွားရန် အချိန် ၃၂ ရက်သာကြာမြင့်ကြောင်း နှင့် အတည်ပြုလူနာ သန်း ၄၀ မှ သန်း ၅၀ သို့ ခုန်တက်ရန် အချိန် ရက်ပေါင်း ၂၀ သာကြာမြင့်ကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.