Connect with us

WORLD

ထိုင်းနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး ကူညီရန် တရုတ်နိုင်ငံ ဖောင်ဒေးရှင်းများမှ ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်း 

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်သို့ မတ် ၂၃ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းတို့မှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၆ ရက်တွင် တရားဝင်လွှဲပြောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။ 

နှာခေါင်းစည်းများ၊ ရောဂါအကာအကွယ်ဝတ်စုံများနှင့် မျက်နှာအကာအကွယ်များ ပါဝင်သည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်း ပထမအသုတ်အား အထူးစင်းလုံးငှားလေယာဉ်တစ်စင်းဖြင့် တင်ပို့လိုက်ခြင်းဖြစ်သည်။ ၁၇ တန်ပါရှိသော အထောက်အကူပြုပစ္စည်းများသည် မတ် ၂၅ ရက်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့သည်။

လှူဒါန်းမှုများအား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး အာနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ဖောင်ဒေးရှင်းနှစ်ခု၏ ကိုယ်စားလှယ် Lazada Thailand ၏ အမှုဆောင်အရာရှိချုပ် ဂျိမ်းစ်တုံထံမှ လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်သည်။ 

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထိုင်း ဆေးဝါးဖော်စပ်၊ ထုတ်လုပ်မှုအဖွဲ့အစည်းနှင့်ပူးပေါင်းကာ ၎င်းလှူဒါန်းပစ္စည်းများအား သယ်ယူပို့ဆောင် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရန် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာထားပြီး မတ် ၂၅ ရက် ညသန်းခေါင်မှ ဧပြီ ၃၀ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။အဆိုပါ အရေးပေါ်ကြေညာချက်အရ နိုင်ငံများခြားသားများအားလုံးကို နိုင်ငံအတွင်းရှိ ဝင်ပေါက်နေရာအားလုံးမှ ဝင်ရောက်ခြင်းကို တားမြစ်လိုက်သည်။ ကုန်စည်တင်ပို့သူများ၊ သံတမန်များ၊ ယာဉ်မောင်းများ၊ လေယာဉ်မှူးများနှင့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာမှ ဝင်ခွင့်ပြုထားသူများအနေဖြင့်မူ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ အသစ် ၁၁၁ ဦးရှိပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁,၀၄၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အစိုးရက တွစ်တာပေါ်၌ ရေးသားထားသည်။“ဒီလှူဒါန်းမှုတွေက COVID-19 ထိန်းချုပ်ဖို့ ထိုင်းနိုင်ငံကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ လိုအပ်တဲ့နေရာ ဖြစ်နိုင်သမျှအမြန်ဆုံးနည်းလမ်းနဲ့ ရရှိဖို့က အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေပါတယ်” ဟု တုံက ဆိုသည်။ထို့ပြင် ဖောင်ဒေးရှင်းနှစ်ခုမှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်း ဒုတိယအသုတ်လည်း ယခုသီတင်းပတ်အကုန်၌ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.