Connect with us

WORLD

အမေရိကန် နိုင်ငံ က ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ အများဆုံး ရှိသည့် နိုင်ငံ အဖြစ် ရောက်ရှိ

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား ပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ Johns Hopkins တက္ကသိုလ် ၏ ထုတ်ပြန်ကြေညာချက် အရ မတ်လ ၂၆ ရက် အမေရိကန် နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ၁၈ နာရီ အချိန်တွင် အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၈၂,၄၀၄ ဦး အထိ ရောက်ရှိလာပြီး ကမ္ဘာပေါ်တွင် ရောဂါ ကူးစက် ခံရသူ အများဆုံး ဖြစ်ပွား သည့် နိုင်ငံ အဖြစ် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အီတလီ နိုင်ငံ မြို့ပြကာကွယ်ရေး ဌာန ၏ မတ်လ ၂၆ ရက် ထုတ်ပြန်ကြေညာချက်အရ ဒေသစံတော်ချိန် ၁၈ နာရီ အချိန်ထိ အီတလီ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၈၀,၅၃၉ အထိ ရောက်ရှိလာပြီး သေဆုံးသူ စုစုပေါင်း ၈,၁၆၅ ဦး ရှိကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား ပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား ပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား ပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား ပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

စပိန် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ မတ်လ ၂၆ ရက် တွင် နိုင်ငံ အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၈,၅၇၈ ဦး တိုးမြင့် ခဲ့ပြီး စုစုပေါင်း ၅၆,၁၈၈ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ မတ်လ ၂၆ ရက် တစ်ရက် တည်းတွင် ရောဂါကြောင့် သေဆုံးသူ ၆၅၅ ဦး ရှိခဲ့ပြီး စုစုပေါင်း ၄,၀၈၉ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဂျာမနီ နိုင်ငံ ၏ မတ်လ ၂၆ ရက် ထုတ်ပြန်ကြေညာချက်အရ နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၆,၅၀၈ ဦး အထိ ရောက်ရှိလာ ခဲ့ပြီး ယခင်နေ့ထက် ၄,၉၅၄ ဦး တိုးမြင့်လာ ခဲ့ကာ စုစုပေါင်း သေဆုံးသူ ၁၉၈ ဦး ရှိကြောင်း သိရှိရသည်။

အီရန် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ မတ်လ ၂၆ ရက် ထုတ်ပြန်ကြေညာချက်အရ အီရန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂,၃၈၉ ဦး တိုးမြင့်ခဲ့ကာ စုစုပေါင်း ကူးစက်ခံရသူ ၂၉,၄၀၆ ဦး အထိ ရောက်ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၂,၂၃၄ ဦးရှိကြောင်း သိရှိရသည်။

ပြင်သစ် နိုင်ငံ ကျန်းမာရေး ဌာနချုပ် ၏ မတ်လ ၂၆ ရက် ထုတ်ပြန်ကြေညာချက်အရ အီတလီ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂၉,၁၅၅ ဦး အထိ ရောက်ရှိလာပြီး ယခင်နေ့ထက် ၃,၉၂၂ ဦး တိုးမြင့်ခဲ့ကြောင်း ၊ မတ်လ ၂၆ ရက် တွင် ရောဂါကြောင့် ၃၆၅ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၃,၉၂၂ ရှိကြောင်း သိရှိရသည်။

မတ်လ ၂၆ ရက် ဥရောပ အလယ်ပိုင်း စံတော်ချိန် ၁၀ နာရီ အချိန် တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ ထုတ်ပြန်ကြေညာချက်အရ မတ်လ ၂၆ ရက် တွင် တရုတ် နိုင်ငံ ပြင်ပ ၌ COVID-19 ရောဂါ ကူးစက် ခံရသူ ၄၉,၁၀၆ ဦး ထပ်မံ တိုးမြှင့်ခဲ့ပြီး စုစုပေါင်း ၃၈၀,၇၂၃ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ မတ်လ ၂၆ ရက် တွင် တရုတ် နိုင်ငံ ပြင်ပ ၌ COVID-19 ရောဂါ ကြောင့် သေဆုံးသူ ၂,၃၉၅ ဦးရှိခဲ့ပြီး စုစုပေါင်း ၁၇,၅၄၁ ဦး ရှိခဲ့ကြောင်း သိရှိရသည်။  (Xinhua)