Connect with us

WORLD

ပြင်သစ်သမ္မတမက်ခရွန်က COVID-19 တိုက်ဖျက်ရေး အောင်မြင်ရန် ကမ္ဘာကြီးက တရုတ် နှင့် ရုရှား ကာကွယ်ဆေးများ လိုအပ်နေ

ဘဲလ်ဂျီယံနိုင်ငံဘရက်ဆဲလ်မြို့၌ ကျင်းပသော အီးယူအစည်းအဝေးတက်ရောက်ရန် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက်က ရောက်ရှိလာသော ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်အား တွေ့ရစဉ်(ဆင်ဟွာ)

ပါရီ၊ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်က COVID-19 ရောဂါတိုက်ဖျက်ရေးစစ်ပွဲ အောင်မြင်မှုရရှိရန် ကမ္ဘာကြီးအတွက် တရုတ် နှင့် ရုရှားနိုင်ငံတို့ မှ ထုတ်လုပ်သော ကာကွယ်ဆေးများ လိုအပ်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ တရုတ် ၊ ရုရှား နဲ့အတူ လုပ်ကိုင်ဆောင်ရွက်သွားသင့်ပါတယ် ၊ ဒီလို ကြီးမားကျယ်ပြန့်တဲ့ ဘက်ပေါင်းစုံ ကြိုးပမ်းအားထုတ်မှုမှာ သူတို့ရဲ့ သိပ္ပံဆိုင်ရာ လေ့လာတွေ့ရှိချက်ကနေ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ထောက်ခံချက်တွေ သူတို့ စတင် လိုအပ်လာချိန်မှာ ချက်ချင်းလုပ်ပေးဖို့ပေါ့” ဟု ပြင်သစ်နိုင်ငံ အပတ်စဉ်ထုတ် Le Journal du Dimanche ဂျာနယ်နှင့်တွေ့ဆုံမေးမြန်းစဉ် မက်ခရွန်က ထည့်သွင်းပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ အခုချိန်မှာ မတူခြားနားတဲ့ ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရတာပါ ၊ ဒါက အချိန်ကို တွန်းလှန်ရတဲ့ တကယ့် ပြိုင်ပွဲကြီးတစ်ခုပါပဲ ” ဟု မက်ခရွန်က ဆိုသည်။ ထို့ပြင် ၎င်းက ကပ်ရောဂါတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုများတွင် “ လျင်မြန်မှု ၊ ထိရောက်မှုနဲ့ ညီညွတ်မှု” ရှိရန် တိုက်တွန်းပြောကြားခဲ့သည်။

ပြင်သစ်သမ္မတက COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးရရှိမှု အထူးသဖြင့် အာဖရိကတိုက်တွင် သာတူညီမျှရှိကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကြိုးပမ်းအားထုတ်ကြရန်လည်း ပြောကြားခဲ့သည်။

“ အာဖရိကနိုင်ငံတွေမှာ ကာကွယ်ဆေးရရှိဖို့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်” ဟု ၎င်းက ဆိုသည်။ ယင်းရည်မှန်းချက်ပန်းတိုင် အောင်မြင်စေရန် ရှေ့တိုးအားထုတ်မှုလည်း ကင်းမဲ့နေကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

“ ကျွန်တော်တို့ဟာ ကျန်းမာရေးကိစ္စတစ်ခုတည်း အန္တရာယ်ရှိနေတာမဟုတ်ဘူး ၊ ကျင့်ဝတ်ပိုင်းမှာလည်း အန္တရာယ်ရှိနေတယ် ” ဟု ၎င်းက ဆိုသည်။
ယခုလ အစောပိုင်းတွင် မက်ခရွန်သည် ဥရောပဆေးဝါးအေဂျင်က အတည်ပြုထားသော မည်သည့်ကာကွယ်ဆေးမဆို ၎င်းနိုင်ငံတွင် တံခါးဖွင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းအေဂျင်စီသည် လက်ရှိတွင် Pfizer/BioNTech ၊ Moderna နှင့် AstraZeneca ကာကွယ်ဆေးများကိုသာ မီးစိမ်းပြ ခွင့်ပြုထားကြောင်း သိရသည်။ဥရောပတွင် ကာကွယ်ဆေး မလုံလောက်မှုအပေါ် အများပြည်သူ၏ ဝေဖန်မှု မြင့်တက်နေပြီး အမြန်ဆုံး အဖြေရှာကြရန်လည်း တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။(Xinhua)

—————————————
(English Version)

World needs Chinese, Russian vaccines to win war against COVID-19, says Macron

PARIS, Feb. 16 (Xinhua) — French President Emmanuel Macron on Sunday said that Chinese and Russian vaccines are necessary for the world to win the “war” against COVID-19.

“We should work with the Chinese and Russians so that the vaccines developed by their scientists be integrated in this great multilateral effort — immediately when they start the necessary certifications by the WHO (World Health Organisation),” he said in an interview with French weekly Le Journal du Dimanche.

“We are now engaged in a fight against variants, which is a real race against time,” Macron said, urging “rapid, effective and united” global efforts in the fight against the pandemic.
The French president also called for international efforts to ensure equal access to vaccines against COVID-19, especially in Africa.

“African countries rightly challenge us on their access to vaccines,” he said, noting that without further efforts to achieve that goal, “we will be at risk of not only health but also ethics.”

Earlier this month, Macron expressed openness of his country to any vaccines approved by the European Medicines Agency, which has so far only given green light to vaccines of Pfizer/BioNTech, Moderna and AstraZeneca.

The shortage of approved vaccines in Europe has been drawing increasing public criticism and prompted demands for alternative solutions.
French President Emmanuel Macron arrives for the EU summit in Brussels, Belgium, on Dec. 10, 2020. (European Union/Handout via Xinhua)