Connect with us

WORLD

(နိုင်ငံတကာ ကပ်ရောဂါသတင်းစုစည်းချက်) ပါလက်စတိုင်းတွင် ပိတ်ဆို့မှုအမိန့်ကြေညာချက်အား သက်တမ်းထပ်မံတိုးမြှင့်ခဲ့ပြီး အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်း ဆက်လက် တွန်းအားပေးဆောင်ရွက်

အစ္စရေးနိုင်ငံ အလယ်ပိုင်းရှိ Modi'in မြို့တွင် အမျိုးသမီးတစ်ဦးအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသရှိ ဆင်ဟွာသတင်းဌာန သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ အရှေ့အလယ်ပိုင်းဒေသတွင် ဖေဖော်ဝါရီ ၁၅ ရက်အချိန်ထိ COVID-19 ကပ်ရောဂါသည် ဆက်လက်ပြန့်ပွားနေပြီး ပါလက်စတိုင်း က ပိတ်ဆို့မှုအမိန့်ကြေညာချက်ကို သက်တမ်း ထပ်မံတိုးမြှင့်ခဲ့ကြောင်း နှင့် အစ္စရေး နှင့် တူရကီ စသည့်နိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကို ဆက်လက်၍ တွန်းအားပေးဆောင်ရွက်နေကြောင်း သိရှိရသည်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၁၅ ရက်ထုတ်ပြန်ကြေညာချက်အရ ပါလက်စတိုင်းတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁,၀၄၈ ဦးမြင့်တက်ခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၁၉၀,၃၁၆ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂,၁၃၃ ဦးရှိခဲ့ပြီး COVID-19 ရောဂါ မှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၁၇၇,၄၇၄ ဦးရှိကြောင်း ဖော်ပြထားသည်။

ပါလက်စတိုင်းဝန်ကြီးချုပ် Mohammad Shtayyeh က ဖေဖော်ဝါရီ ၁၅ ရက်၌ ကပ်ရောဂါတိုက်ဖျက်ရေး အောင်မြင်မှုကို ခိုင်မာစေရန်အတွက် ပါလက်စတိုင်းအစိုးရ အနေဖြင့် ယနေ့မှစတင်၍ ပိတ်ဆို့မှု အမိန့်ကြေညာချက်ကို သက်တမ်းနှစ်ပတ်အချိန် ထပ်မံတိုးမြှင့်ကြောင်း ၊ ပြည်သူများအနေဖြင့် ကပ်ရောဂါကာကွယ်ရေး သက်မှတ်ချက်များကို ဆက်လက်လိုက်နာသွားပြီး နေအိမ်ပြင်ပထွက်ခွာစဉ် နှာခေါင်းစည်းတပ်ဆင်ကြရန် ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်တိုက်တွန်းကြောင်း ၊ COVID-19 ရောဂါကာကွယ်ဆေး လက်ခံရရှိမှု အချိန်နောက်ကျခဲ့သောကြောင့် ယခင် ဖေဖော်ဝါရီ ၁၅ ရက်တွင် သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါဝေဒနာရှင်များကို ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ် အား နောက်ဆုတ်ရတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၁၅ ရက်ထုတ်ပြန်ကြေညာချက်အရ အစ္စရေးနိုင်ငံ တွင် ယင်းနေ့၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၅,၆၄၇ ဦးတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇၂၉,၃၇၃ ဦးရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၅,၄၀၆ ဦးရှိခဲ့ပြီး COVID-19 ရောဂါ မှ ပြန်လည်သက်သာလာသူ ၆၇၀,၀၁၀ ဦးရှိကြောင်း သိရှိရသည်။ ထို့ပြင် အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ဖေဖော်ဝါရီ ၁၅ ရက်အချိန်ထိ နိုင်ငံအတွင်း လူပေါင်း ၃.၉၅ သန်းအား COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး နိုင်ငံအတွင်းလူဦးရေစုစုပေါင်း ၏ ၄၂.၅ ရာခိုင်နှုန်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၅ ရက်ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း တူရကီနိုင်ငံတွင် လူပေါင်း ၁၁,၆၄၅၂ ဦးအား COVID-19 ရောဂါစစ်ဆေးမှု ပြုလုပ်ပေးခဲ့ရာ ၎င်းတို့အနက် လူပေါင်း ၇,၉၄၅ ဦးက ရောဂါကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ရကြောင်း ၊ တူရကီနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂,၅၉၄,၁၂၈ ဦးအထိ ရောက်ရှိလာခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၂၇,၅၆၂ ဦးရှိလာခဲ့ကာ ရောဂါ မှ ပြန်လည်သက်သာလာသူ ၂,၄၈၂,၄၃၅ ဦးရှိကြောင်း ၊ ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းအချိန်ထိ တူရကီ နိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၄.၅၈ သန်း ထိုးနှံပေးခဲ့ပြီး ၎င်းတို့အနက် လူပေါင်း ၃.၉၅ သန်းကျော်မှာ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်းဖြစ်ကာ လူပေါင်း ၆၃၀,၀၀၀ ကျော်အား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အီရတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၁၅ ရက်ထုတ်ပြန်ကြေညာချက်အရ အီရတ်နိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစပ်ခံရသူ ၂,၇၉၈ ဦးရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၆၄၆,၆၅၀ ဦးရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၁၃,၁၈၅ ဦးရှိခဲ့ပြီး ရောဂါ မှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၆၀၈,၁၇၈ ဦးရှိကြောင်း သိရှိရသည်။ အီရတ်နိုင်ငံကျန်းမာရေးဝန်ကြီး HassanAl-Tamimi က အီရတ်နိုင်ငံ ဗဟိုကျန်းမာရေးဓာတ်ခွဲခန်း စစ်ဆေးအတည်ပြုချက်အရ အီရတ်နိုင်ငံတွင် ဗီဇပြောင်းလဲ COVID-19 ရောဂါကူးစက်ခံထားရသူများ ကိုစစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက်ကလေးငယ်များလည်းပါဝင်ကြောင်း ၊ ပြည်သူလူထုများအနေဖြင့် မြင့်မားစွာသတိထားရှိကြရန် နှင့် အစိုးရမှ လတ်တလောကာအတွင်း ချမှတ်ထားသော ညမထွက်ရအမိန့်အပါအဝင် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာကန့်သတ်ချက်များကို တင်းကျပ်စွာ လိုက်နာကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ကာတာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန က ဖောဖော်ဝါရီ ၁၅ ရက်၏ထုတ်ပြန်ချက်တွင် ကာတာနိုင်ငံတွင် COVID-19 ထပ်မံကူးစက်ခံရသူ ၄၄၈ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၁၅၈,၁၃၂ ဦးအထိရောက်ရှိခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၂၅၅ ဦးရှိခဲ့ပြီး ရောဂါမှ ပြန်လည်သက်သာလာသူ ၁၄၈,၆၇၇ ဦးရှိကြောင်း ဖော်ပြထားသည်။ တစ်နေ့တစ်ခြားပိုမိုဆိုးရွားလာသည့် ကပ်ရောဂါအား ရင်ဆိုင်ဖြေရှင်းရန်အတွက် ကာတာနိုင်ငံအနေဖြင့် ကပ်ရောဂါကာကွယ်ရေး ဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများကို တင်းကျပ်စွာဆောင်ရွက်လာကြောင်း သိရှိရသည်။ (Xinhua)

——————————

(Chinese Version)
(国际疫情)综合消息:巴勒斯坦再次延长“封锁令” 中东多国继续推进疫苗接种
2021-02-16 14:51:40 分类: 政治法律
  新华社科威特城2月15日电综合新华社驻中东地区记者报道:中东地区新冠疫情15日持续蔓延,巴勒斯坦宣布再次延长“封锁令”,以色列、土耳其等国继续推进疫苗接种工作。
  巴勒斯坦卫生部15日报告新增确诊病例1048例,累计确诊190316例,累计死亡2133例,累计治愈177474例。
  巴总理阿什提耶15日宣布,为巩固抗疫成果,巴政府决定从当天起将“封锁令”再延长两周。他呼吁广大民众继续遵守防疫规定,出门戴口罩,并保持社交距离。他还说,由于新冠疫苗到货延迟,原定15日启动的为老年人和慢性病患者接种疫苗的计划现在被迫推迟。
  联合国近东巴勒斯坦难民救济和工程处当天说,总干事拉扎里尼新冠病毒检测结果呈阳性。拉扎里尼几天前在拉姆安拉接种了第一剂新冠疫苗。目前,他在约旦一家医院接受治疗,健康状况稳定。
  以色列卫生部15日公布的数据显示,该国当天新增确诊病例5647例,累计确诊729373例,累计死亡5406例,累计治愈670010例。卫生部当天宣布,以色列累计逾395万人接种了新冠疫苗,约占全国总人口的42.5%。
  土耳其卫生部官网15日数据显示,土耳其过去24小时对116452人进行了新冠病毒检测,其中7945人检测结果呈阳性。至此,土耳其累计新冠确诊病例达2594128例,累计死亡27562例,累计治愈2482435例。截至15日晚,土耳其总计接种新冠疫苗逾458万剂,其中超过395万人接种了第一剂疫苗,超过63万人接种了第二剂。
  伊拉克卫生部15日报告全国新增确诊病例2798例,累计确诊646650例,累计死亡13185例,累计治愈608178例。卫生部长哈桑•塔米米当天表示,经伊拉克中央公共卫生实验室检测确认,伊拉克出现多例变异新冠病毒确诊病例,确诊患者中包括儿童。他呼吁民众高度警惕,严格遵守政府近来实施的宵禁等防疫规定。
  卡塔尔卫生部15日报告全国新增确诊病例448例,累计确诊158132例,累计死亡255例,累计治愈148677例。为应对日趋严峻的疫情,卡塔尔加大了防疫力度,严格执行防疫措施。(执笔记者:聂云鹏;参与记者:李碧念、吴丹妮、郑思远、王峰、施洋、冀泽、刘宗亚、王薇、苏小坡、陈斌杰、郑一晗、张淼、杨元勇、熊思浩、涂一帆、黄灵、尚昊、潘晓菁、马意翀、王尚)(完)

Photo
12月27日,在以色列中部城市莫迪因,一名女子接种新冠疫苗。新华社发(吉尔•科恩•马根摄)