Connect with us

WORLD

အမေရိကန်နိုင်ငံတွင် ကလေးငယ် ၃ သန်းကျော် COVID-19 ရောဂါကူးစက်ခံရ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ National Mall တွင် စက်ဘီစီးနေသည့် နှာခေါင်းစည်း တပ်ဆင်ထားသော ကလေးငယ်များကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ ကလေးငယ်ဦးရေ ၃ သန်းကျော်တွင် ကပ်ရောဂါဖြစ်ပွားစဉ်ကတည်းက COVID-19 ရောဂါပိုးကူးစက်ခံရသည်ကို တွေ့ရှိရကြောင်း အမေရိကန် ကလေးအထူးကုဆရာဝန်များအကယ်ဒမီ (AAP) နှင့် ကလေးဆေးရုံများအသင်းတို့၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။

နိုင်ငံတစ်ဝန်း COVID-19 ကူးစက်ခံရသည့် ကလေးငယ်စုစုပေါင်း ၃,၀၃၃,၃၇၀ ဦးရှိကြောင်းနှင့် အဆိုပါ ကလေးငယ်များမှာ အတည်ပြုလူနာစုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း အစီရင်ခံစာအရ သိရသည်။

အဆိုပါ ရောဂါတွေ့ရှိမှုနှုန်းသည် ကလေးဦးရေ ၁၀၀,၀၀၀ လျှင် ရောဂါတွေ့ရှိသူ ၄,၀၃၀ ဦး ဖြစ်သည်။

အမေရိကန်နိုင်ငံတစ်ဝန်း ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အထိ နှစ်ပတ်တာကာလအတွင်း ကလေးငယ်များတွင် COVID-19 ကူးစက်မှုအသစ် ၂၁၆,၅၉၅ ဦးရှိခဲ့ပြီး ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း AAP ဖော်ပြချက်အရ သိရသည်။

ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် စုစုပေါင်းကလေးငယ်ဦးရေမှာ ၁.၂ ရာခိုင်နှုန်းမှ ၂.၉ ရာခိုင်နှုန်းအထိ ရှိပြီး COVID-19 ကြောင့် သေဆုံးသူအားလုံး၏ ၀ မှ ၀.၂၅ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာက ဆိုသည်။

“တစ်ချိန်တည်းမှာပဲ ကလေးငယ်တွေကြားမှာ COVID-19 ကြောင့် အပြင်းအထန်ဖျားနာတာတွေ တော်တော်လေးနည်းတာကို တွေ့ရပါတယ်။ သို့သော်လည်း ဗိုင်းရပ်စ်က ရောဂါကူးစက်ခံရတဲ့ ကလေးငယ်တွေရဲ့ ကာလရှည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုရှိနိုင်တဲ့နည်းလမ်းတွေအပြင် စိတ်ခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသက်ရောက်မှုတွေ အပါအဝင် ကပ်ရောဂါဟာ ကလေးတွေအပေါ် မှာ ကာလရှည်သက်ရောက်မှုဆိုင်ရာ အချက်အလက်တွေကိုတော့ စုဆောင်းထားဖို့ လိုအပ်ပါတယ်” ဟု AAP က အစီရင်ခံစာ၌ ပြောကြားထားသည်။ (Xinhua)
—————————-
(English Version)
U.S. reports over 3 mln child COVID-19 cases
Source: Xinhua| 2021-02-18 03:03:45|Editor: huaxia
WASHINGTON, Feb. 17 (Xinhua) — Over 3 million children in the United States have tested positive for COVID-19 since the onset of the pandemic, according to a latest report of the American Academy of Pediatrics (AAP) and the Children’s Hospital Association.
A total of 3,033,370 child COVID-19 cases had been reported across the country, and children represented 13 percent of all confirmed cases, according to the report.
The overall rate was 4,030 cases per 100,000 children in the population.
Over the two weeks from Jan. 28 to Feb. 11, there were 216,595 new child COVID-19 cases reported across the country, an 8 percent increase, according to the AAP.
Children accounted for 1.2 percent to 2.9 percent of total reported hospitalizations, and 0 to 0.25 percent of all COVID-19 deaths, said the report.
“At this time, it appears that severe illness due to COVID-19 is rare among children. However, there is an urgent need to collect more data on longer-term impacts of the pandemic on children, including ways the virus may harm the long-term physical health of infected children, as well as its emotional and mental health effects,” the AAP said in the report. Enditem
Children wearing masks ride bicycles on the National Mall in Washington D.C., the United States, May 18, 2020. (Photo by Ting Shen/Xinhua)