Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါသတင်းစုစည်းချက်) အရှေ့အလယ်ပိုင်းဒေသနိုင်ငံများတွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံသည့်လုပ်ငန်းအား ဆက်လက်၍တွန်းအားပေးဆောင်ရွက်ခဲ့ပြီး အီရတ်နိုင်ငံတွင် ညမထွက်ရအမိန့်ထပ်မံကြေညာ

အစ္စရေးနိုင်ငံ Giv'atayim မြို့တွင် လူများ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူနေသည် ကိုမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသနိုင်ငံအများတွင် ဖေဖော်ဝါရီ ၁၈ ရက်၌ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းကို ဆက်လက်၍ တွန်းအားပေးဆောင်ရွက်ခဲ့ကြပြီး ဗီဇပြောင်း COVID-19 ရောဂါပိုးကြောင့် ကပ်ရောဂါပြန့်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် အီရတ်နိုင်ငံက ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ညမထွက်ရအမိန့်ကို ပြန်လည်ကြေညာခဲ့ကြောင်း အရှေ့အလယ်ပိုင်းဒေသနိုင်ငံများရှိ ဆင်ဟွာသတင်းထောက်များ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အီရတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၈ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် အီရတ်နိုင်ငံ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃,၈၉၆ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၆၅၇,၄၅၃ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၁၃,၂၂၀ ဦးအထိရောက်ရှိလာခဲ့ပြီး ရောဂါမှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၆၁၂,၇၂၇ ဦးရှိကြောင်း သိရှိရသည်။ အီရတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး HassanAl-Tamimi က အီရတ်နိုင်ငံတွင် လွန်ခဲ့သည့် ၃ ရက်အတွင်း၌ ကပ်ရောဂါအခြေအနေ ဆိုးရွားလာခဲ့ပြီး ရောဂါကူးစက်ခံရသူများအနက် တစ်ဝက်ကျော်မှာ ဗီဇပြောင်း COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရခြင်းဖြစ်ကာ အချို့သော လူငယ် နှင့် ကလေးများတွင် ရောဂါဝေဒနာ ဆိုးရွားစွာ ဖြစ်ပွားခဲ့ကြကြောင်း ၊ ကပ်ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် အီရတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ညမထွက်ရအမိန့်ကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တနင်္လာနေ့ မှ ကြာသပတေးနေ့ အထိ ညမထွက်ရအမိန့် က နေ့စဉ် ၂၀ နာရီ မှ နောက်နေ့နံနက် ၅ နာရီအချိန်ထိဖြစ်ပြီး သောကြာနေ့ မှ တနင်္ဂနွေနေ့ အထိ ညမထွက်ရအမိန့်(နေအိမ်ပြင်ပမထွက်ရအမိန့်)က တစ်နေ့လုံးဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်၌ ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၁၈ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့ ၁၆ နာရီ အချိန်ထိ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃၂၇ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၃၇၄,၀၂၉ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါမှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၃၆၅,၀၁၇ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၆၄၅၀ ဦးရှိကြောင်း ၊ လက်ရှိချိန်တွင် ရောဂါပိုးကျန်ရှိနေသေးသူ ၂,၅၆၂ ဦးရှိပြီး ရောဂါဝေဒနာပြင်းထန်သူ ၄၉၃ ဦးရှိကြောင်း သိရှိရသည်။ ဆော်ဒီအာရေဗျနိုင်ငံပိုင်သတင်းဌာန ၏ ဖော်ပြချက်အရ ဆော်ဒီအာရေဗျနိုင်ငံ အစားအသောက် နှင့် ဆေးဝါး စီမံခန့်ခွဲရေးဌာန အနေဖြင့် ဖေဖော်ဝါရီ ၁၈ ရက်၌ ဆော်ဒီအာရေဗျနိုင်ငံအတွင်း ဗြိတိန်နိုင်ငံ AstraZeneca ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီ နှင့် အောက်စဖို့တက္ကသိုလ်တို့မှ ပူးပေါင်းထုတ်လုပ်ထားသည့် COVID-19 ရောဂါကာကွယ်ဆေးအား အသုံးပြုရန် ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

အစ္စရေးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၁၈ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် အစ္စရေးနိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃,၃၈၀ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၄၁,၅၈၉ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၃၁ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၅,၅၀၁ ဦးရှိကြောင်း ၊ COVID-19 ရောဂါမှ ပြန်လည်သက်သာလာသူ ၇,၀၀၆ ဦးတိုးမြင့်ခဲ့ပြီး ရောဂါမှ ပြန်လည်သက်သာလာသူစုစုပေါင်း ၆၈၇,၈၁၆ ဦးရှိကြောင်း ၊ အစ္စရေးနိုင်ငံတွင် လူပေါင်း ၄.၁၉ သန်းကျော်က COVID-19 ရောဂါကာကွယ်ဆေးထိုးနှံခဲ့ကြပြီး စုစုပေါင်းလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရသည်။

ကူဝိတ်နိုင်ငံကျန်မာရေးဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၁၈ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ကူဝိတ်နိုင်ငံ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၉၇၉ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၁,၄၈၄ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါမှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၁၆၉,၄၀၆ ဦးရှိခဲ့ပြီး ရောဂါကြောင့်သေဆုံးသူစုစုပေါင်း ၁၀၂၇ ဦးရှိကြောင်း သိရှိရသည်။ ကူဝိတ်နိုင်ငံတွင် လွန်ခဲ့သည့် ၂ လတာကာလအတွင်း COVID-19 ရောဂါ ကူးစက်ခံရပြီး ဆေးရုံတက် ကုသမှုခံယူရသူ ၉.၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပြီး အထူးကြပ်မတ်ဆောင်တွင် ထားရှိရသည့် လူနာက ၁၁.၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ၊ ကူဝိတ်နိုင်ငံမှမှာယူထားသည့် ပဉ္စမအသုတ်မြောက် Pfizer ကာကွယ်ဆေး က ဖေဖော်ဝါရီ ၂၁ ရက်တွင်ကူဝိတ်နိုင်ငံသို့ရောက်ရှိမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်နှစ်ကုန်ပိုင်းအချိန်မှစတင်၍ ကူဝိတ်နိုင်ငံတွင် လူပေါင်း ၁၃၇,၀၀၀ ဦးအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အရှေ့အလယ်ပိုင်းဒေသရှိ အခြားနိုင်ငံများ၏ ဖေဖော်ဝါရီ ၁၈ ရက်၌ ထုတ်ပြန်ခဲ့သော စုစုပေါင်း COVID-19 ရောဂါ ကူးစက်ခံရမှု စာရင်းကြေညာချက်များအရ COVID-19 ကူးစက်ခံရသူစုစုပေါင်း မှာ တူရကီနိုင်ငံတွင် ၂,၆၁၆,၆၀၀ ဦး ၊ အီရန်နိုင်ငံတွင် ၁,၅၅၀,၁၄၂ ဦး ၊ မော်ရိုကိုနိုင်ငံတွင် ၄၇၉,၅၇၉ ဦး ၊ ယူအေအီးနိုင်ငံတွင် ၃၆၁,၈၇၇ ဦး ၊ ဂျော်ဒန်နိုင်ငံတွင် ၃၅၆,၇၄၄ ဦး ၊ ပါလက်စတိုင်းနိုင်ငံတွင် ၁၉၃,၄၁၈ ဦး ၊ ကာတာနိုင်ငံတွင် ၁၅၉,၀၅၃ ဦး နှင့် အိုမန်နိုင်ငံတွင် ၁၃၈,၄၉၄ ဦးအသီးသီးဖြစ်ကြကြောင်း သိရှိရသည်။ (Xinhua)

————————————————–

(Chinese Version)
(国际疫情)综合消息:中东多国继续推进新冠疫苗接种 伊拉克全国再次宵禁
2021-02-19 10:42:02 分类: 科学技术
  新华社巴格达2月18日电综合新华社驻中东地区记者报道:中东地区多国18日继续推进新冠疫苗接种工作。因变异新冠病毒传播造成疫情反弹,伊拉克从18日起全国再次宵禁。
  伊拉克卫生部18日通报,当天新增确诊病例3896例,累计确诊657453例,累计死亡13220例,累计治愈612727例。卫生部长哈桑•塔米米当日说,过去3天,伊拉克疫情形势严峻,超过半数确诊患者感染变异病毒,一些年轻人和儿童属于重症。由于疫情出现反弹,伊拉克18日起全国再次实施宵禁,周一至周四宵禁时间为每日20时至次日5时,周五至周日全天宵禁。
  沙特阿拉伯卫生部18日宣布,截至当天16时,过去24小时新增确诊327例,累计确诊374029例,累计治愈365017例,累计死亡6450例;现存确诊病例2562例,其中重症493例。据沙特通讯社报道,沙特食品和药物管理局当天已批准在本国使用英国阿斯利康制药公司和牛津大学合作研发的新冠疫苗。
  以色列卫生部18日公布的数据显示,当天新增确诊病例3380例,累计确诊741589例;新增死亡病例31例,累计死亡5501例;新增治愈病例7006例,累计治愈687816例。以色列已有逾419万人接种了疫苗,占全国总人口约45%。
  科威特卫生部18日报告,当日新增确诊病例979例,累计确诊181484例,其中治愈169406例,死亡1027例。过去两个月,确诊并住院治疗的患者增长9.3%,重症监护室的使用率增长11.9%。科威特订购的第五批辉瑞疫苗将于21日抵科。自2020年年底以来,共有13.7万人接种了疫苗。
  中东地区一些国家18日更新了累计确诊病例数:土耳其2616600例,伊朗1550142例,摩洛哥479579例,阿拉伯联合酋长国361877例,约旦356744例,巴勒斯坦193418例,卡塔尔159053例,阿曼138494例。(执笔记者:张淼;参与记者:涂一帆、尚昊、王薇、熊思浩、杨元勇、夏晨、苏小坡、陈斌杰、刘宗亚、郑思远、王峰、黄灵、潘晓菁、马意翀)(完)

Photo
1月19日,人们在以色列吉夫阿塔伊姆接种新冠疫苗。(新华社发,穆阿迈尔•阿瓦德摄)