WORLD
အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီးတွင် COVID-19 ရောဂါပိုးတွေ့ရှိ
ဗျူနိုအေးရိစ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီး Carla Vizzotti က ၎င်းတွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ကွာရန်တင်းဝင်ရောက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၂၆ ရက်၌ ပြောကြားခဲ့သည်။
“ကျွန်မအနေနဲ့ မတ်လ ၁ ရက်နေ့မှာ လွှတ်တော်ထဲဝင်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် တို့ဖတ်စစ်ဆေးမှုလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မဆီမှာ ရောဂါပိုးတွေ့ရှိတယ်လို့ သူတို့က သတင်းပို့လာပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လာမယ့်ရက်အနည်းငယ်အတွင်း ကွာရန်တင်းနေထိုင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက တွစ်တာ၌ ရေးသားထားသည်။
“ကပ်ရောဂါက မပြီးသေးပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှု လမ်းညွှန်ချက်တွေကို ကျွန်မတို့ဆက်ပြီး လိုက်နာသွားကြရပါမယ်” ဟု ၎င်းက ဒုတိယသတင်းစကားတွင် ဖြည့်စွက်ဖော်ပြထားသည်။
၎င်းသည် ယခင်ကျန်းမာရေးဝန်ကြီး ရာထူးမှနုတ်ထွက်ပြီးနောက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ပြီး ရက်သတ္တပတ်တစ်ပတ်ကြာပြီးနောက် ယင်းသို့ ရောဂါတွေ့ရှိကြောင်း ဆေးစစ်ချက်ရလဒ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
Vizzotti သည် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Daniel Arroyo နှင့် သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Juan Cabandie တို့ပြီးနောက် COVID-19 ရောဂါ ကူးစက်ခံရသည့် တတိယမြောက် အာဂျင်တီးနား အစိုးရအဖွဲ့ဝန်ကြီးဖြစ်သည်။ (Xinhua)
—————————
(Englsih Version)
Argentine health minister tests positive for COVID-19
2021-02-27 10:08:11
BUENOS AIRES, Feb. 27 (Xinhua) — Argentine Health Minister Carla Vizzotti on Friday said she had tested positive for COVID-19 and entered quarantine.
“I want to tell you that I did a swab as part of the procedure required to enter Congress on March 1, and they informed me of the positive result. Therefore, I will be quarantining over the next few days, following the established protocol,” she posted to Twitter.
“The pandemic is not over, let us continue to comply with the care guidelines,” she added in a second message.
The positive test result came only a week after she took over the Health Ministry on Feb. 20 after her predecessor resigned.
Vizzotti is the third Argentine cabinet minister who has contracted COVID-19, after Minister of Social Development Daniel Arroyo and Minister of Environment and Sustainable Development Juan Cabandie. Enditem
Workers unload containers with COVID-19 vaccines developed by Chinese pharmaceutical firm Sinopharm at the Ezeiza International Airport in Buenos Aires, Argentina, Feb. 25, 2021. (Photo by Martin Zabala/Xinhua)